Friday, June 2, 2017

အင်္ဂလန်တွင် အီဗရာဟီမိုဗစ် ဆက်ရှိနိုင်သော်လည်း မန်ယူအတွက်မဟုတ်ဘဲ တခြားအသင်းတစ်ခုဖြစ်နိုင်သည်ဟု ရွိုင်လိုလာဆို

Image may contain: 1 person, standing and outdoor
မေလဲ့သင်း

မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်အတွက် ကမ်းလှမ်းမှုမြောက်မြားစွာ ရရှိထားပြီး အင်္ဂလန်တွင် မိုဗစ် ဆက်ရှိနိုင်သော်လည်း မန်ယူမဟုတ်ဘဲ အခြားအသင်းတစ်ခုလည်း ဖြစ်နိုင်တယ်လို့ အီဗရာဟီမိုဗစ်ရဲ့ အေးဂျင့် ဖြစ်သူ ရွိုင်လိုလာက အံ့အားသင့်ဖွယ် ထုတ်ဖော်ပြောကြားလိုက်သည်။ ရွိုင်လိုလာနဲ့ အီဗရာဟီမိုဗစ်တို့ တွေ့ဆုံဆွေးနွေးမှုပြုခဲ့အပြီးတွင် ရွိုင်လိုလာ က ယခုကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွိုင်လိုလာက မန်ယူ တွင် မိုဗစ် ဆက်ရှိနိုင်သော်လည်း ဘာတစ်ခုကိုမျှ အတည်ပြုနိုင်တဲ့ အခြေအနေမဟုတ်ဘဲ ကမ်းလှမ်းထားတဲ့ အသင်းများစွာထဲတွင် အင်္ဂလန် ကလပ်အသင်းများစွာ ပါဝင်နေတယ်ဆိုတာကို ရွိုင်လိုလာက အတည်ပြု ခဲ့ခြင်းဖြစ်သည်။

မိုဗစ်မှာ လအတန်ကြာ အနားယူရမည်ဖြစ်ပြီး အစောဆုံး နိုဝင်ဘာလ ရောက်မှသာ ပြန်လည်ကစားနိုင်မည်ဖြစ်ရာ မန်ယူအတွက် ၂ဝ၁၃ ခုနှစ် နောက်ပိုင်း ပရီမီယာလိဂ်ဖလားကို ပြန်လည်ရယူပေးရန် စိတ်အားထက်သန် နေတဲ့ မော်ရင်ဟိုအတွက် ဘဝင်မကျစရာဖြစ်နေသည်။ သတင်းရင်းမြစ် များရဲ့အဆိုအရ မန်ယူနည်းပြ မော်ရင်ဟိုက မိုဗစ်ကို စောင့်ဆိုင်းခြင်းထက် အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်း(သို့မဟုတ်) အဲဗာတန် တိုက်စစ်မှူး လူကာကူတို့နှစ်ဦးထဲမှတစ်ဦးကို အစားထိုးရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် မိုဗစ်အား ယခင် တစ်နှစ် သက်တမ်းတိုးစာချုပ် ကမ်းလှမ်းမှုကို မန်ယူဘက်မှ ပြန်လည်ရုပ်သိမ်းရန် ဆန္ဒရှိနေခြင်းဖြစ်သည်။ သို့သော် အက်သလက်တီကို အသင်းရဲ့ကစားသမားခေါ်ယူမှု ပိတ်ပင်ခံထား ရခြင်းက ဂရစ်ဇ်မန်းရဲ့ မန်ယူသို့ ပြောင်းရွှေ့လိုတဲ့ဆန္ဒအတွက် အဓိက အတားအဆီးတစ်ရပ်ဖြစ်နေသည်။ အက်သလက်တီကိုက ဂရစ်ဇ်မန်းကို ဆက်လက်ထိန်းထားရန် ဆန္ဒရှိနေသော်လည်း ကာယကံရှင်ကိုယ်တိုင်က ၎င်းကို အက်သလက်မှ ထွက်ခွာခွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း သတင်း များ ထွက်လာခဲ့သေးသည်။

သို့သော် ဂရစ်ဇ်မန်းက ဟွာဝေးနည်းပညာကုမ္ပဏီအတွက် ရိုက်ကူး ခဲ့တဲ့ ကြော်ငြာတွင် ဂျို့စ်မော်ရင်ဟိုထံမှ လာတဲ့ဖုန်းကို မကိုင်ဘဲ ချလိုက် တယ်ဆိုသည့်အခန်းကို ထည့်သွင်းရိုက်ကူးခဲ့ပြီး တွစ်တာစာမျက်နှာပေါ် တင်ခဲ့ရာ မန်ယူသို့ ပြောင်းရွှေ့မည်မဟုတ်ကြောင်းကို အရိပ်အမြွက်ပြသ လိုက်ခြင်းဖြစ်တယ်လိုThe Sun သတင်းဌာနက ကောက်ချက်ချသည်။

မန်ယူနည်းပြ မော်ရင်ဟိုက ဂရစ်ဇ်မန်းနှင့် ပါရီဆစ်တို့ကို ဦးစားပေး အဖြစ် ခေါ်ယူမည်ဖြစ်ပြီး မာရှယ်လ်နှင့် မိုဗစ်တို့ကို လက်လွှတ်ခံရန် ဆန္ဒ ရှိနေသည်။ မန်ယူအသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် ကမ္ဘာ့ထိပ်တန်း ကစားသမားများကို ခေါ်ယူရန် ပြင်ဆင်နေပြီး အခြားတစ်ဖက်တွင် ယူအီး အက်ဖ်အေရဲ့ ဘဏ္ဍာရေးစည်းမျဉ်းကို လိုက်နာရမည်ဖြစ်သဖြင့် ကစားသမား အချို့ကို ပြန်လည်ရောင်းချရမည်ဖြစ်ရာ မာရှယ်လ်ကို မော်ရင်ဟိုက အရောင်းစာရင်းတွင် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ မော်ရင်ဟိုက မာရှယ်လ် ကို အနိုင်ရလိုစိတ်နည်းပါးသူဟု ဝေဖန်ခဲ့ပြီးနောက် သူတို့နှစ်ဦးကြား ဆက်ဆံရေးတင်းမာမှုရှိခဲ့ရာ ယင်းအခြေအနေကို အခွင့်ကောင်းယူကာ မိုနာကိုနဲ့ ပီအက်စ်ဂျီတို့မှ မာရှယ်လ်ကို ချိတ်ဆက်လာခြင်းဖြစ်သည်။ မန်ယူ သည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီက ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့သော် လည်း ပေါ့ဘာ၊ အီဗရာဟီမိုဗစ်၊ အမ်ခီတာယန်နှင့် ဘိုင်လီတို့ကို လာရောက် ကစားရန် ခေါ်ယူနိုင်ခဲ့ရာ ယခုနှစ်နွေဈေးကွက်တွင် နာမည်ကြီး ကစား သမားသစ်များကို ရအောင်ခေါ်ယူသွားဖွယ်ရှိနေသည်။

No comments:

Post a Comment