
နေပြည်တော် ဧပြီ ၁
စိုက်ပျိုးရေးသီးနှံထွက်ကုန်များ အရည်အသွေးပြည့်ဝရေး၊ ဈေးကွက်ရရှိရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး နှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ ဈေးကွက်ထဲတွင် တရားမဝင် ပိုးသတ်ဆေးများ တင်သွင်းဖြန့်ဖြူးခြင်းများအပေါ် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်ကြိုးပမ်းကြစေလိုကြောင်း မတ် ၃၁ ရက် နံနက် ၈ နာရီက စိုက်ပျိုးရေးတက္ကသိုလ် စုဝေးခန်းမဆောင်၌ ကျင်းပသည့် ပိုးသတ်ဆေးများ၏ အကျိုးသက်ရောက်မှုနှင့် ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်များဆိုင်ရာ နိုင်ငံတကာသိပ္ပံ စာတမ်းဖတ်ပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။
ဆက်လက်၍ ကမ္ဘာလုံးဆိုင်ရာ ဓာတုပိုးသတ်ဆေး များ အလွန်အကျွံသုံးစွဲလာမှုကြောင့် လူသားတို့၏ ကျန်းမာရေး၊ ပတ်ဝန်းကျင်သယံဇာတများ ဂေဟစနစ် ချို့ယွင်းပျက်စီးလာခြင်း၊ တောရိုင်းတိရစ္ဆာန်များ ဘေးရောဂါများ ကျရောက်ခြင်းများ ကြုံတွေ့ရလျက်ရှိပြီး ဥရောပနိုင်ငံများတွင် အင်းဆက်ပိုးမွှားများနှင့် ဇီဝမျိုးကွဲ များနှင့် လူဦးရေအမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ခြင်းတို့ ကြောင့် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်များ ထိန်းသိမ်းကာကွယ်နိုင်ရေး စည်းမျဉ်းဥပဒေများ ချမှတ် ဆောင်ရွက်ခြင်းနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်နေကြရာ မိမိတို့အားလုံး ညီညွတ်စွာပါဝင်ကြိုးပမ်းကြစေလို ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးလှကျော်၊ ပြည်သူ့ လွှတ်တော် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်လင်း၊ နေပြည်တော် ကောင်စီဝင် ဦးအေးမောင်စိန်၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ သစ်တောသုတေသန ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊JICA မှMr. Koji TANAKA, Chief Advisor နှင့်Dr. Yoshinori YAMAMOTO ၊ACARE မှDr. Mehta, Resident Advisorတို့ တက်ရောက်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment