
တောင်ကိုရီးယားရဲ့ အောင်မြင်တဲ့အမျိုးသမီး တေးဂီတအဖွဲ့တစ်ဖွဲ့ဟာလည်း နောက်ဆုံးမှာတော့ နှုတ်ဆက်ဖို့ ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ အဖွဲ့ဝင် ခြောက်ဦးပါဝင်တဲ့ ''T-ara''အဖွဲ့ဟာ မကြာမီလက်ရှိ ဖျော်ဖြေရေးနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ပြည့်တော့မှာ ဖြစ်ကာ အဖွဲ့ဝင်တွေအနက် လက်ရှိအေဂျင်စီနဲ့ စာချုပ်ထပ်မံချုပ်ဆိုနိုင်ခြင်းမရှိတော့တဲ့ အဖွဲ့ဝင် တွေလည်းရှိနေတာကြောင့် လမ်းမခွဲမီမှာ ''T-ara'' ရဲ့ ပရိသတ်တွေကို နောက်ဆုံးအကြိမ် တွေ့ဆုံ နှုတ်ဆက်သွားဖို့ စီစဉ်ထားကြောင်း အောပေါ့ပ် ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
''T-ara'' အဖွဲ့ရဲ့ အဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ ဆိုးယွန်နဲ့ ဘိုရန်တို့နှစ်ဦးရဲ့ စာချုပ်ဟာ လာမယ့် မေ ၁၅ ရက်မှာ ပြည့်တော့မှာဖြစ်ပြီး သူတို့နှစ်ဦးက အေဂျင်စီနဲ့ စာချုပ်သစ် ထပ်မံချုပ်ဆိုခြင်း မရှိတော့ကြောင်းနဲ့ အခြားသော အဖွဲ့ဝင်လေးဦးဖြစ်ကြတဲ့ ဂျီယောင်း၊ ဟိုမင်၊ အွန်ဂျန်နဲ့ ကျူရီ တို့သာ စာချုပ်သစ်ထပ်မံချုပ်ဆိုမှာဖြစ်ကြောင်း အဖွဲ့ရဲ့အေဂျင်စီဖြစ်တဲ့ အမ်ဘီကေအန်တာတိန်းမန့်က ထုတ်ဖော်ပြောကြားလာခဲ့ကြောင်း သိရပါတယ်။
ယခုလိုလမ်းခွဲသွားမယ့် အဖွဲ့ဝင်တွေရှိနေတဲ့ အတွက် အဖွဲ့ဝင်ခြောက်ဦး အပြည့်ရှိနေနိုင်သေးတဲ့ ကာလအတွင်း အဖွဲ့ဝင်အပြည့်အစုံနဲ့ ပရိသတ်တွေကို တွေ့ဆုံနှုတ်ဆက်သွားဖို့ စီစဉ်ခဲ့ရတာဖြစ် ပြီး ''T-ara'' ရဲ့ တေးအယ်လ်ဘမ်သစ်ကိုလည်း လာမယ့် မေလအတွင်းမှာ ထုတ်လွှင့်သွားဖို့ စီစဉ် ထားကြောင်းလည်း သိရပါတယ်။
အမ်ဘီကေအန်တာတိန်းမန့်က ''T-ara''ရဲ့ တေးအယ်လ်ဘမ်သစ်ကိုတော့ လာမယ့် မေ ၁၇ ရက်မှာ စတင်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီတေးအယ်လ်ဘမ်ဟာ T-ara အတွက် အဖွဲ့ဝင်ခြောက်ဦးစလုံးအပြည့်အစုံ ပါဝင်နေတဲ့ နောက်ဆုံးသောတေးအယ်လ်ဘမ်ဖြစ်လာမှာပါ။ အဖွဲ့ဝင်တွေရဲ့ စာချုပ်ဟာလည်း မေလအတွင်း သက်တမ်းကုန်တော့မှာဖြစ်ပြီး ဒီတစ်ကြိမ် ပရိသတ်ရှေ့အရောက်ပြန်လာတာဟာ အဖွဲ့ဝင် အပြည့်အစုံအနေနဲ့တော့ နောက်ဆုံးပဲ ဖြစ်ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။
တေးအယ်လ်ဘမ်သစ်အတွက် ပရိုမိုးရှင်း ပွဲတွေကို တေးအယ်လ်ဘမ်မထုတ်လွှင့်မီ သီတင်းပတ် သုံးပတ်ခန့်ကြိုကာပြုလုပ်သွားမှာ ဖြစ်ပြီး အဖွဲ့ဝင်အားလုံး ပါဝင်လှုပ်ရှားသွားမှာဖြစ် တယ်လို့လည်းသိရပါတယ်။ လာမယ့် ဇွန်လအတွင်း မှာတော့ အဖွဲ့ဝင်တွေဟာ ဂျပန်နိုင်ငံနဲ့ အခြား အရှေ့တောင်အာရှနိုင်ငံတွေမှာ သွားရောက် ဖျော်ဖြေသွားဖို့ စီစဉ်ထားကြောင်းလည်း သိရပါ တယ်။ ဒါ့အပြင် ''T-ara''ဟာ ဆိုးလ်မြို့မှာလည်း တေးဂီတဖျော်ဖြေပွဲတစ်ပွဲနဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံ ပွဲကိုလည်း ပရိုမိုးရှင်းကာလအတွင်း ကျင်းပပေး သွားဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။
တေးအယ်လ်ဘမ်သစ်အတွက် အရောင်းမြှင့်တင်ရေးလုပ်ငန်းတွေလုပ်ဆောင်ပြီးနောက်မှာတော့ ကျန်ရှိနေတဲ့အဖွဲ့ဝင်တွေအနက် ဂျီယောင်းဟာ သူ့ရဲ့တစ်ကိုယ်တော်တေးအယ်လ်ဘမ်ထွက်ရှိဖို့အတွက် ပြင်ဆင်သွားမှာဖြစ်ပြီး အွန်ဂျန်းက တော့ ‘ ဒရမ်မာဇာတ်လမ်းတွဲတွေမှာ ပါဝင် သရုပ်ဆောင်သွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဟိုမင်ကတော့ နိုင်ငံခြားမှာ ပရိုမိုးရှင်းပွဲတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး နောက်ဆုံး သောအဖွဲ့ဝင်ဖြစ်တဲ့ ကျူရီကတော့ သူ့ရဲ့တစ်ကိုယ်တော် ပရိုမိုးရှင်းပွဲတွေကို ယခုနှစ် နှစ်ကုန်ပိုင်းအထိ ကျင်းပသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။
အဖွဲ့ဝင်တွေအနက် စာချုပ်သစ်ထပ်မံချုပ်ဆို လိုက်တဲ့ အဖွဲ့ဝင်လေးဦးဟာလည်း သူတို့နဲ့ လက်ရှိအေဂျင်စီရဲ့ စာချုပ်ကို ယခုနှစ်ကုန်အထိသာ ထပ်မံချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း၊ စာချုပ်သစ်ထပ်မံ ချုပ်ဆိုခဲ့ခြင်းမရှိဘဲ လမ်းခွဲသွားတဲ့ အဖွဲ့ဝင်နှစ်ဦးရဲ့ ရှေ့ဆက်မယ့်အနုပညာခရီးမှာ အောင်မြင်စေကြောင်း ဆုတောင်းပေးရင်း ''T-ara'' ပရိသတ် တွေကို သူတို့နှစ်ဦးကိုလည်း ဆက်လက် အားပေးစေလိုကြောင်းနဲ့ ''T-ara''အနေနဲ့ အဖွဲ့ကို ဖျက်သိမ်းသွားမှာဖြစ်တယ်ဆိုတဲ့ ကောလာဟလတွေမှာ မှန်ကန်ခြင်းမရှိကြောင်း အမ်ဘီကေ အန်တာတိန်းမန့်က ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
အေးပြည့်
No comments:
Post a Comment