Friday, March 24, 2017

ဆီဆိုင်ဆောက်လုပ်မှု ကျေးရွာပြည်သူများ ကန့်ကွက်



Image may contain: one or more people, crowd and outdoor
ပွင့်ဖြူ မတ် ၂၃
မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု ကုလားကုန်းကျေးရွာရှိ မင်းထက်ကြွယ်ဆီဆိုင်ဆောက်လုပ်မှုအား ကျေးရွာနေပြည်သူများက မီးဘေး အန္တရာယ်စိုးရိမ်သဖြင့် ကန့်ကွက်ပွဲကို မတ် ၂၃ ရက် မွန်းတည့် ၁၂ နာရီတွင် ကုလားကုန်းကျေးရွာ အမကကျောင်းဝင်းအတွင်း ကျင်းပခဲ့သည်။
အဆိုပါကန့်ကွက်ပွဲသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာအကြီး အကဲများ တက်ရောက်ဆွေးနွေးညှိနှိုင်းမှုဖြင့် ကျေးရွာနေပြည်သူ ၈ဝ ရာခိုင်နှုန်း ၏ကန့်ကွက်မှုကြောင့် မင်းထက်ြ<ွကယ်ဆီဆိုင် ဆောက်လုပ်မှုအား ရပ်ဆိုင်းခဲ့ ကြောင်း၊ ကန့်ကွက်ပွဲသို့ ကုလားကုန်းကျေးရွာနေ ဒေသခံပြည်သူ ၄ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သူရထွန်း(ပွင့်ဖြူ)

No comments:

Post a Comment