
အစ္စလာမ္မာဘတ် အောက်တိုဘာ ၁
ပါကစ္စတန်နိုင်ငံ၏ အစိတ်အပိုင်းအချို့တွင် အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းက ရစ်ခ်ျတာစကေး ၅ ဒသမ ၅ ပြင်းအားရှိသည့် မြေငလျင်လှုပ်ခတ်ခဲ့ကြောင်း ပါကစ္စတန် အမျိုးသားမြေပြင်လှုပ်ရှားမှုများ တိုင်းတာရေးဌာနက ပြောကြားသည်။
ယင်းမြေငလျင်လှုပ်ခတ်မှုကြောင့်ဖြစ်ပွားသော သေကျေ ပျက်စီးမှုသတင်းများ လတ်တလောတွင် မသိရှိရသေးကြောင်း ပါကစ္စတန် အမျိုးသား မြေပြင်လှုပ်ရှားမှုတိုင်းတာ ရေးဌာနက ပြောကြားသည်။
ငလျင်၏ ဗဟိုချက်သည် ပတန်ဒေသမှ ၇၅ ကီလိုမီတာအကွာ နိုင်ငံ၏ အရှေ့မြောက်ပိုင်းရှိ မန်ရှီဟာဒေသတွင် ဖြစ်ပြီး ယင်းမှာ ပါကစ္စတန်နိုင်ငံ၏ အနောက်မြောက်ပိုင်း ဆိုင်ရာ ပက်ထန်ခွာ ဒေသ၏ မြေအောက်အနက် ၁၂ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန် အမျိုးသား ဘူမိဗေဒ တိုင်းတာရေးဌာနက ဖော်ပြသည်။
အင်အားပြင်းထန်သော မြေငလျင်ကြောများသည် ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ္မာဘတ် အပါအဝင် အနောက်မြောက်ဒေသအတွင်းရှိ ပက်ရှ်ဝါမြို့၊ အဘော့ တဘတ်၊ ဆွက်၊ ဂီဂျစ်နှင့် မန်ဘီဟာ အပါအဝင် ပါကစ္စတန်မှ ထိန်းချုပ်ထားသော ကက်ရှ်မီးယား ဒေသများ၌ ဒေသစံတော်ချိန် နံနက် ၁ နာရီ ၁၄ မိနစ်တွင် လှုပ်ခတ်ခဲ့သည်။
ဆင်ဟွာ။
No comments:
Post a Comment