Monday, July 4, 2016

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုဆုများချီးမြှင့်


The Mirror Daily's photo.
နေပြည်တော် ဇူလိုင် ၃
ယနေ့ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ထူးချွန်အမျိုးသမီးများကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၌ ကျင်းပသော မြန်မာအမျိုးသမီးများနေ့ အထိမ်း အမှတ်အခမ်းအနားတွင် ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။
၂ဝ၁၅ ခုနှစ် နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုရ ဒေါ်နန်း လိုင်ခမ်း၊ ၂ဝ၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး အောင်မှတ် အများဆုံး ပထမဆုရ မအိရတနာမိုင်၊ ၂ဝ၁၄ ခုနှစ် အမျိုးသားစာပေဆုရ ဒေါ်ဖြူနု (စာရေးဆရာမ ဒေါ်စပယ်ဖြူနု)နှင့် (၉၆) ကြိမ် အများဆုံးသွေးလှူဒါန်း သူ အမျိုးသမီးသွေးလှူရှင်ဆုရ ဒေါ်သန်းသန်းဆင့်တို့အား ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ ဇနီး အဖွဲ့ချုပ်ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေးကလည်း ကောင်း။
၂ဝ၁၆ ခုနှစ် အာဆီယံအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင် ထူးချွန်ဆုရ ဒေါ်လှဝတီ၊ ၂ဝ၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး အောင်မှတ် အများဆုံး ဒုတိယဆုရ မဆုမွန်နှင့် ၂ဝ၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအောင်မှတ်အများဆုံး တတိယဆုရ မမေစိုးစိုးဆွေတို့အား အဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းကလည်းကောင်း။
၂ဝ၁၆ ခုနှစ် အာဆီယံအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင် ထူးချွန်ဆုရ ဒေါ်ခင်လေး၊ ၂ဝ၁၆ ခုနှစ် အာဆီယံအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင် ထူးချွန်ဆုရ ဒေါက်တာ မြတ်သီတာမြင့်နှင့် ၂ဝ၁၅ ခုနှစ် ထူးချွန်အမျိုးသမီး ရဲတပ်ဖွဲ့ဝင်ဆုရ ဒုတိယရဲမှူး စန်းစန်းမြင့်တို့အား အဖွဲ့ချုပ်နာယက ဒေါ်ကျင်ခိုင်က လည်းကောင်း။
၂ဝ၁၆ ခုနှစ် အာဆီယံအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင် ထူးချွန်ဆုရ ဒေါ်ခင်သက်မော်၊ ၂ဝ၁၆ ခုနှစ် အာဆီယံအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင် ထူးချွန်ဆုရ ဒေါ်ြေ<ွကြေ<ွကဇင်၊ ၂ဝ၁၅ ခုနှစ် ထူးချွန်အမျိုးသမီး ကြက်ခြေနီဆုရ ဒေါ်ခိုင်ခိုင်လှတို့အား အဖွဲ့ချုပ် နာယက ဒေါ်မြသိင်္ဂီကလည်းကောင်း။
၂ဝ၁၆ ခုနှစ် အာဆီယံအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင် ထူးချွန်ဆုရ ဒေါ်အေးအေးညွန့်၊ ၂ဝ၁၆ ခုနှစ် အာဆီယံအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင် ထူးချွန်ဆုရ ဒေါ်ခင်ကြူကြူသန်းနှင့် ၂ဝ၁၅ ခုနှစ် ထူးချွန်အမျိုးသမီး မသန်စွမ်း အားကစားမယ်ဆုရ မမေထူးမွန်တို့အား အဖွဲ့ချုပ်နာယက ပါမောက္ခ ဒေါက်တာ ခင်မာထွန်းကလည်းကောင်း။
၂ဝ၁၆ ခုနှစ် အာဆီယံအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင် ထူးချွန်ဆုရ ဒေါ်ဝေဝေ၊ ၂ဝ၁၆ ခုနှစ် အာဆီယံအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင် ထူးချွန်ဆုရ ဒေါ်စန်းစန်းဦးနှင့် ၂ဝ၁၅ ခုနှစ် ထူးချွန်အမျိုးသမီးအားကစားမယ်ဆုရ မအေးသစ္စာမြင့်တို့အား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်ကလည်း ကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။
၁၉၉၆ ခုနှစ် ဇူလိုင် ၃ ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီကို ဖွဲ့စည်းခဲ့ပြီး မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း အဆိုပါအခမ်းအနားမှ သိရသည်။
အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးများ ဘဝ လုံခြုံရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန် ၂ဝဝ၃ ခုနှစ် ဒီဇင်ဘာ၂ဝ ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သိရ သည်။
(သတင်းစဉ်)

No comments:

Post a Comment