Sunday, June 5, 2016

ထိုင်းနိုင်ငံရှိ ကျားများမွေးမြူထားသော ဘုန်းကြီးကျောင်းမှ ကျား ၁၃၇ ကောင်ကို မွေးမြူရေးစင်တာတစ်ခုသို့ ရွှေ့ပြောင်း

The Mirror Daily's photo.
ဘန်ကောက် ဇွန် ၎
ထိုင်းနိုင်ငံ ကန်ချာနာဘူရီခရိုင်ရှိ ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်မှုတစ်ခုဖြစ်သည့် ကျားများမွေးမြူထားသော ဘုန်းကြီးကျောင်းမှ ကျားကောင်ရေ ၁၃၇ ကောင်ကို ဇွန် ၄ ရက်က နောက်ဆုံးအကြိမ်အဖြစ် ရာချာဘူရီ ခရိုင်ရှိ မွေးမြူရေးစင်တာတစ်ခုသို့ ရွှေ့ပြောင်းခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်အရ သိရသည်။
ဘုန်းကြီးသုံးပါးအပါအဝင် သက်ဆိုင်သူနှစ်ဦးကို တောရိုင်းတိရစ္ဆာန်များ လက်ဝယ်ပိုင်ဆိုင်ထားရှိမှုဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း ထိုင်းအမျိုးသားဥယျာဉ်များနှင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နောက်ဆုံးအကြိမ် ရွှေ့ပြောင်းခဲ့သော ကျားများ၏သက်တမ်းသည် (၈)နှစ်မှ (၁၂)နှစ်အရွယ်ရှိသည်။ ရာသီဥတုပူပြင်းမှုကြောင့် ကျားများပြောင်းရွှေ့ခြင်း ကြန့်ကြာခဲ့ရကြောင်း တောရိုင်းတိရစ္ဆာန်ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။
မွေးမြူရေးစင်တာသို့ ပြောင်းရွှေ့ထားသော အင်ဒို-တရုတ်မျိုးစပ်ကျားများကို သဘာဝတောအုပ်အတွင်းသို့ မကြာမီပြန်လည်လွှတ်ပေးမည်ဖြစ်သည်။
အဆိုပါ ဘုန်းကြီးကျောင်းတွင် မွေးမြူထားသော တောဝက်ထီး၊ ဒရယ်နှင့် ဒေါင်းစသည့် တိရစ္ဆာန်များ ကိုလည်း မကြာမီရွှေ့ပြောင်းမည်ဖြစ်ကြောင်း သိရသည်။
ကျား၊ ဝက်ဝံနှင့် အခြားသောတိရစ္ဆာန်များမှ ရရှိ သော ကုန်ကြမ်းများဖြင့် ပြုလုပ်ထားသည့် ပစ္စည်းအများ အပြားကို ဘုန်းကြီးကျောင်းဝင်းအတွင်းတွင် တာဝန်ရှိသူ များက တွေ့ရှိခဲ့ကြောင်း ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ကျားသားပေါက်အသေ ၄ဝ ကောင်အပြင် အခြား သောသားကောင်များ၏ အင်္ဂါအစိတ်အပိုင်းများကို အအေးခန်းတစ်ခုထဲတွင် တွေ့ရှိခဲ့သည်။ ၄င်းတို့ကို မည်သည့်ရည်ရွယ်ချက်ဖြင့် ထားရှိသလဲဆိုသည်ကိုမူ တာဝန်ရှိသူများက ဆက်လက်စုံစမ်းသွားမည်ဖြစ်သည်။
ကျားတစ်ကောင်၏ အင်္ဂါအစိတ်အပိုင်းဖြင့် ပြုလုပ်ထားသော အဆောင်၊ လက်ဖွဲ့ ၇ဝဝ ခန့်နှင့် ကျားသားရေ နှစ်ခုတို့ကို ထရပ်ကားတစ်စီးဖြင့်သယ်ဆောင်လာသော ဘုန်းကြီးတစ်ပါးနှင့် အရပ်သားတစ်ဦးတို့ကို တာဝန်ရှိသူ များက လမ်းခုလတ်တွင် ဇွန် ၂ ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဆင်ဟွာ။

No comments:

Post a Comment