Sunday, June 5, 2016

ခေါင်လန်ဖူးဒေသသို့ တပ်မတော်ရဟတ်ယာဉ်များဖြင့် ရိက္ခာများဆက်လက်ပို့ဆောင်



The Mirror Daily's photo.


နေပြည်တော် ဇွန် ၎

ခေါင်လန်ဖူးဒေသရှိ ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရေးအတွက် ရာသီဥတုအခြေအနေ ဆိုးရွားလျက်ရှိသည့်ကြားမှ ပူတာအိုမှ ခေါင်လန်ဖူးဒေသသို့ ဇွန် ၃ ရက်နှင့် ယနေ့တွင် တပ်မတော်ရဟတ်ယာဉ်များဖြင့် စားနပ်ရိက္ခာများကို အောင်မြင် စွာပို့ဆောင်ပေးနိုင်ခဲ့သည်။

ယနေ့တွင် ခေါင်လန်ဖူးသို့ တပ်မတော်ရဟတ်ယာဉ်များဖြင့် ပြည်နယ်အစိုးရ အဖွဲ့ကလှူဒါန်းသော ဆန်အိတ် ၈ဝ၊ ကြက်သွန်နီပိဿာ ၇ဝ၊ ငါးခြောက်ပိဿာ ၄ဝ နှင့် ဆားအထုပ် ၁ဝဝ တို့ကို ပို့ဆောင်ပေးနိုင်သည်။

ထို့အပြင် တပ်မတော်မှ မော်တော် ယာဉ်များဖြင့် ပို့ဆောင်ထားသော မဂွေဇရွာရှိ ဆန်အိတ် ၂၅ဝ ကိုလည်း ခေါင်လန်ဖူးဒေသသို့ အမြန်ဆုံး ရောက်ရှိစေရေး ဆက်လက်ပို့ဆောင် လျက်ရှိသည်။

ယခုအခါ ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသည့် ဆန်အိတ် ၁၆ဝ၊ ကြက်သွန်နီ ၁ဝ၅ ပိဿာ၊ အာလူး ၃၅ ပိဿာ၊ ခေါက်ဆွဲခြောက် ၁ဝ ဖာ၊ ကြာဆံပိဿာ ၃ဝ၊ ကြက်ဥအလုံး ၃ဝဝ နှင့် ဆားအထုပ် ၂ဝဝ တို့ကို ခေါင်လန်ဖူးဒေသရှိ ဒေသခံပြည်သူ များလက်ဝယ်သို့ အရောက်ပေးပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
(မြဝတီ)

No comments:

Post a Comment