
ရန်ကုန် ဧပြီ ၁
သီလဝါအထူးစီးပွားရေးဇုန်ကို အပိုင်းလိုက်ဖော်ဆောင်လျက်ရှိရာ ငွေကြေး လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရေးအတွက် သီလဝါ အထူးစီးပွားရေးဇုန်တွင် ပထမဆုံး စီဘီဘဏ်ခွဲကို ဧပြီ ၁ ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
သီလဝါအထူးစီးပွားရေးဇုန်တွင် စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ငွေကြေးသုံးစွဲမှုများ အချိန်နှင့် တစ်ပြေးညီ ရယူအသုံးပြုနိုင်ရေးအတွက် ဂျပန်နိုင်ငံ Tokyo Mitsubishi UFI ဘဏ်၏ မိတ်ဖက် အဖြစ် စီဘီဘဏ်က ဘဏ်ခွဲအဖြစ် ဖွင့်လှစ်ကာ ငွေကြေးလုပ်ငန်းများ လုပ်ကိုင်အကောင်အထည်ဖော်ပေး တော့မည်ဖြစ်သည်။
ယခုအခါ ရန်ကုန်စတော့ အိတ်ချိန်းတွင် ရှယ်ယာအရောင်း အဝယ်များ စတင်လုပ်ကိုင်နေပြီဖြစ်ရာ သီလဝါအထူးစီးပွားရေးဇုန်မှ အစုရှယ်ယာများ ရောင်းချမည့်အစီအစဉ် များလည်းရှိလာတော့မည်ဖြစ်သည်။ သီလဝါအထူးစီးပွားရေးဇုန်တွင် စီးပွားရေးလုပ်ငန်းများစွာ ရှိနေရာ ငွေကြေးလုပ်ငန်းများကို ဝန်ဆောင်မှု ပေးသွားရန် ဖွင့်လှစ်ခြင်းဖြစ်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်၊ စီဘီဘဏ်မှ CEO ဦးကျော်လင်း၊ သီလဝါစီးပွားရေးဇုန်မှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
(ကြေးမုံ)
No comments:
Post a Comment