
မန္တလေး နိုဝင်ဘာ ၁
မြန်မာနိုင်ငံတွင် ပထမဆုံးစီစဉ် တင်ဆက်သည့် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်၏ မေးဖြေစရာဒီချိန်ခါ အစီအစဉ်ကို ယနေ့ မွန်းလွဲ ၂ နာရီ တွင် မန္တလေးမြို့ ဆီဒိုးနားဟိုတယ် အမရပူရခန်းမ၌ ကျင်းပသည်။
အစီအစဉ်တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမောင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဖြိုး ဇေယျာသော်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်နှင့် ကျား/မ တန်းတူညီမျှရေး ကွန်ရက် ညွှန်ကြားရေးမှူး ဒေါ်မေစံပယ်ဖြူ တို့က ပင်တိုင်ဆွေးနွေးသူများအဖြစ် တက်ရောက်ကြပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးပါတီများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ စာရေးဆရာများ၊ အနုပညာရှင်များ၊ ရပ်မိ ရပ်ဖ ဒေသခံပြည်သူများ၊ ပြည်တွင်းပြည်ပသတင်းမီဒီယာများ၊ စိတ်ပါဝင်စားသူများနှင့် ဖိတ်ကြားထားသည် ဧည့်သည်တော်များ တက်ရောက်ကြပြီး ဘီဘီစီမြန်မာပိုင်းအစီအစဉ် ဌာနမှူးဒေါ်တင်ထားဆွေကအစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်သည်။
အစီအစဉ်သို့ တက်ရောက်လာကြ သူများ၏ မေးခွန်းများနှင့် စိတ်ပါ ဝင်စားသူများက online မှ မေးမြန်းသည့် မေးခွန်းများကို ပင်တိုင်ဆွေးနွေး သူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြသည်။
အဆိုပါအစီအစဉ်ကို နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် ဘီဘီစီ ညပိုင်းအစီအစဉ်မှ ထုတ်လွှင့်မည်ဖြစ်ပြီး www.bbcburmese.com တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment