အမြန်ဆုံးပြုပြင်ပေးသင့်သော လွယ်ဂျယ်မြို့လမ်းမကြီးနှစ်သွယ်
မိုးမောက်မြို့နယ်လွယ်ဂျယ်မြို့ အဝင်လမ်းမကြီးသည် ဂိတ်(၂ )တွင် ဆုံးပြီး၊
ဂိတ်(၂ )မှ တရုတ်နိုင်ငံနှင့် နယ်နိမိတ်လိုင်း ယှဉ်လျက်ရှိသော
လမ်းမကြီးမှာ ၄၂၇၂ ပေ ရှည်လျား သည်။ လွယ်ဂျယ်အထကကျောင်းမှ
ကျောင်းသားကျောင်းသူများ၊ ဗန်းမော်- လွယ်ဂျယ်သွား ကားကြီး၊ ကားငယ်
များနှင့် ကုန်စည်ကူးသန်းသွားလာ ကြသူများ၊ မော်တော်ဆိုင်ကယ်များ သည်
ယင်းလမ်းမကြီးနှစ်ခုကို အဓိကအသုံးပြု သွားလာနေကြရာ နေ့စဉ်နှင့်အမျှ
ကြီးမားသောအခက် အခဲများနှင့် ရင်ဆိုင်နေကြရသည်။
ယင်းလမ်းမကြီးနှစ်ခုမှာ ၂ဝ၁၃ ခုနှစ်ကစတင်ပျက်စီးခဲ့ရာ ယခုအချိန် တွင် ချိုင့်ခွက်ကြီးများနှင့် ရွှံ့ဗွက်အိုင် များသည် လမ်းအပြည့်ဆိုးရွားစွာ ပျက်စီးလာသဖြင့် ယင်းလမ်းမကြီး နှစ်ခုကိုသက်ဆိုင်ရာက အမြန်ဆုံး ပြင်ဆင်ပေးနိုင်ပါရန် မြို့နေလူထုက မျှော်လင့်လျက်ရှိကြောင်း သိရ သည်။

ရင်ငြိမ်းပန်း(လွယ်ဂျယ်)

No comments:
Post a Comment