
တောင်ကြီး မေ ၃၁
အားကစားဝန်ကြီးဌာန၏ လမ်းညွှန် မှုဖြင့် MSP Tractors Ltd., နှင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ တံခွန်စိုက် (Freedom Bicycle Road Race နှင့် Mountain Bike) ပြိုင်ပွဲဖွင့်ပွဲကို မေ ၃ဝ ရက် နံနက် ၇ နာရီက တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံရှေ့တွင် တာလွှတ်ပွဲ ကျင်းပသည်။
ပြိုင်ပွဲကို ရှမ်းပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးသည်။
အဆိုပါ စက်ဘီးပြိုင်ပွဲတွင် ကျား ၃၈ ဦး၊ မ ငါးဦး စုစုပေါင်း ၄၃ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံရှေ့မှ တာလွှတ်၍ ကလော မြို့နယ် ဟဲဟိုးလေယာဉ်ကွင်းလမ်းဆုံအထိ ယှဉ်ပြိုင်တစ်ပတ်လှည့်၍ တောင်ကြီး မြို့နယ် အေးသာယာမြို့ ထုံးဖိုဂိတ်၌ ပန်းဝင်ကာ ဆုရရှိသူများကို ဆုများချီးမြှင့် ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)
No comments:
Post a Comment