အင်းတော် ဧပြီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နတ်မဟုတ်ကလေးရွာ
တောင်သူများနှင့် ဂျပန်နိုင်ငံအိုရှီမာရ ကုမ္ပဏီမှ မစ္စတာအိုရှီမာ ဦးဆောင်
သောအဖွဲ့တို့ ဧပြီ ၂၆ရက် မွန်းလွဲ ၁နာရီက ကျေးရွာအုပ်ချုပ်ရေးမှူးရုံး တွင်
တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့တွင် မစ္စတာအိုရှီမာ၊ မစ္စတာရာမမုရနှင့် မြန်မာနိုင်ငံ ရှမ်းမောမြေကုမ္ပဏီမှ ဦးဝေဖြိုးအောင်တို့ ပါရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမင်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးစိုး လွင်တို့က နတ်မဟုတ်အုပ်စု အုပ် ချုပ်ရေးမှူး ဦးခင်ဖေနှင့် တောင်သူ များအား ဂျပန်မြက်(IGUSA)စိုက် ပျိုးထုတ်လုပ်မှုလုပ်ငန်းများအကြောင်း ဆွေးနွေးကြသည်။
ဂျပန်မြက်ပင်မှာ နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး မေလတွင် ရိတ် သိမ်းရကြောင်း၊ ရိတ်သိမ်းပြီးသော မြက်ပင်များအား သုံးရက်နေလှန်းရပြီး ကုမ္ပဏီသို့ရောင်းချနိုင်ကြောင်း၊ မြက် ပင်အရှည်နှစ်ပေမှ စတင်ကာ ဝယ်ယူ မည်ဖြစ်ကြောင်း မစ္စတာအိုရှီမာက ပြောသည်။
အဆိုပါမြက်ပင်ကို ပုစွန်ရှိသော လယ်မြေများတွင် စိုက်ပျိုးရန်မသင့် ကြောင်း၊ ထွက်ရှိသောမြက်ပင်များအား ကုန်ချောအဖြစ်မြက်ဖျာရက်လုပ် မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် ကသာခရိုင်အတွင်း ကောလင်းမြို့နယ် ကြူတောအုပ်စု ကန်လည်ကြီးရွာတွင် ဂျပန်မြက်ပင် များ စမ်းသပ်စိုက်ပျိုး အောင်မြင်လျက်ရှိကြောင်း သိရသည်။
ယခုခရီးစဉ်တွင် ကသာ၊ အင်း တော်၊ ထီးချိုင့်မြို့နယ်များမှ တောင်သူ များအားတွေ့ဆုံကာ ဂျပန်မြက်စိုက် ပျိုးနည်းနှင့်ပတ်သက်သောအချက် အလက်များအားဖြန့်ဝေပြီး တောင်သူ များသိရှိလိုသည်များကို ရှင်းလင်းပြောကြားခြင်းနှင့် စိုက်ပျိုးမြေများအား ကွင်းဆင်းကြည့်ရှုခြင်းတို့ပြုလုပ်မည် ဖြစ်ပြီး ကသာခရိုင်အတွင်း ဂျပန်မြက်ဖျာ စက်ရုံတစ်ရုံတည်ဆောက် နိုင်ရန် ကသာ၊ အင်းတော်၊ ထီးချိုင့်မြို့ နယ် သုံးမြို့နယ်မှ ဂျပန်မြက်စိုက်ပျိုး ရန် နှစ်နေရာ ရွေးချယ်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
ထို့နောက် ယင်းအဖွဲ့မှာ နတ်မဟုတ်ကလေးရွာ မြောက်ဘက်ရှိ အင်းတော်အင်းထွက်ပေါက်မှ နွေလယ် စိုက်ပျိုးလျက်ရှိသော လယ်မြေများ အား သွားရောက်ကြည့်ရှုရာ အဆိုပါ လယ်မြေများတွင်တွေ့ရသော ခရု များကြောင့် ဂျပန်မြက်စိုက်ပျိုးရန် မသင့်ကြောင်း မစ္စတာအိုရှီမာက ပြောသည်။ အဆိုပါခရုများမှာ စပါးပင်၊ မြက်ပင်၊ သစ်တုံးများပေါ်တွင် ဥဥကြပြီး ထိုဥများမှာ ဥသော နေရာများတွင် ကပ်တွယ်ကာ နေကြ သောကြောင့် ယင်းဥများအား မီးရှို့ ဖျက်ဆီးပစ်ရန်နှင့်လယ်ကွင်းထဲမှ ခရု များအား စနစ်တကျကောက်ယူကာ ဖျက်ဆီးခြင်းတို့ ပြုလုပ်မှသာ ခရုတိုး ပွားနှုန်းကိုလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ မပြုလုပ်နိုင်ပါက တစ်နှစ် ထက်တစ်နှစ် ခရုများတိုးပွားကာ စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက် လာမှာဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။
ချစ်လင်း

No comments:
Post a Comment