နေပြည်တော် ဧပြီ ၂၇
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်
အမှတ်(၆ဝ/၄-၅)ကြား၌ ဧပြီ ၂၄ ရက် နံနက် ၅ နာရီခွဲက
ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ အုတ်ရှစ်ကုန်း အမြန်လမ်းမကြီးရဲစခန်းမှ
တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ် တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက
သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ နေပြည်တော်မှ ရန်ကုန်သို့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်နေ ဦးခင်ဇော်ဦး (၄၃)နှစ်မောင်းနှင်လာသော 3E/ ×××× IPSUM အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ကွန်ကရစ်လမ်း ယာဘက်အစပ်၌ ရပ်ထားသည့် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်နေ သိန်းထိုက်(၃၃)နှစ် မောင်းနှင်သော ခရီးသည်တင် မှန်လုံယာဉ်၏ နောက်ယာဘက်ခြမ်းအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ခရီးသည်တင် မှန်လုံယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ IPSUM ယာဉ်မောင်း ခင်ဇော်ဦးနှင့် ယာဉ်ပေါ် ပါ ကမာရွတ်မြို့နယ်နေ ဒေါ်ခင်ချို လွင် (၄ဝ)နှစ်တို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သောကြောင့်ခင်ဇော်ဦး အားအုတ်ရှစ်ကုန်း အမြန်လမ်းမကြီး ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)

No comments:
Post a Comment