မကွေး မတ် ၎
မကွေးတိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုနှင့်
UNICEF (Myanmar)တို့၏ပူးပေါင်း၍ လူကုန်ကူးမှု/ လူမှောင် ခိုမှု/ကလေးသူငယ်
ကာကွယ် စောင့်ရှောက်ခြင်း သင်တန်းဖွင့်လှစ်သင်ကြားပို့ချသည့် အခမ်းအနားကို
ယနေ့နံနက် ၈ နာရီက မကွေးခရိုင် အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မကွေးခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး
ဦးအုန်းသန်းကသင်တန်းအဖွင့်အမှာစကား ပြောကြားပြီး တပ်ဖွဲ့စုမှူး
ဒုရဲမှူးဦးလှဦးက လူကုန်ကူးမှု သမိုင်း၊ ရွှေ့ပြောင်း လုပ်သားများနှင့်
ပတ်သက်၍ လူကုန် ကူးမှုဖြစ်ပွားရခြင်း အကြောင်းအရင်း များအပေါ်
အခြေခံကာလူကုန်ကူးမှု၊ လူမှောင်ခိုနှင့်ပတ်သက်၍ အဓိပ္ပာယ်
ဖွင့်ဆိုချက်များTIER-2 Watch List နှင့် ပတ်သက်၍ အမေရိကန်နိုင်ငံမှ
အဆင့်အတန်းသတ်မှတ်ထားသော လေးမျိုးအားထပ်ဆင့်ရှင်းလင်းခြင်းTIERျ
ဖြေရှင်းခြင်းဆိုင်ရာစံနှုန်း(၁ဝ)ချက်တို့အား ရှင်းလင်းဆွေးနွေး
ပို့ချခြင်း၊ ရဲအုပ် ခင်နွေဝင်းက ကလေး သူငယ်များဆိုင်ရာများပို့ချဆွေးနွေး
ခြင်း၊ ဒုရဲအုပ်မြတ်နောင်ဆိုးက မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော
လူကုန်ကူးမှု အမျိုးအစားများအား ပို့ချဆွေးနွေးခြင်း၊ ဒုရဲအုပ်စောအောင်
သောင်းက အလုပ်အကိုင်အခွင့်အလမ်းများနှင့်ပတ်သက်၍ ပို့ချဆွေးနွေး ခြင်း၊
ဒုရဲအုပ်ကျော်သူရက ရွှေ့ပြောင်း လုပ်သားများနှင့် ပတ်သက်၍ သိကောင်းစရာများ
ပို့ချဆွေးနွေးခြင်း များ ပြုလုပ်ခဲ့ကြပြီး တက်ရောက်လာ သည့် သင်တန်းသား
ကျောင်းသူ များကလည်း ၎င်းတို့၏အတွေ့အကြုံ များနှင့် အပြန်အလှန် မေးမြန်းချက်
များအပေါ် ပြန်လည်ဆွေးနွေး ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းသို့ မကွေးတိုင်း ဒေသကြီးအတွင်းရှိ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်တို့မှ ရပ်ကွက်/ကျေးရွာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ စောင့် ကြည့်အဖွဲ့ဝင် ငါးဦးစီနှင့် စုစုပေါင်း သင်တန်းသား ၅၇ ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
အဆိုပါ သင်တန်းသို့ မကွေးတိုင်း ဒေသကြီးအတွင်းရှိ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်တို့မှ ရပ်ကွက်/ကျေးရွာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ စောင့် ကြည့်အဖွဲ့ဝင် ငါးဦးစီနှင့် စုစုပေါင်း သင်တန်းသား ၅၇ ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
No comments:
Post a Comment