Wednesday, January 28, 2015

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ ၀င်များနှင့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ အဖွဲ့ဝင်များ၊ သင်တန်းသား သင်တန်းသူများတွေ့ဆုံ

Photo: ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ ၀င်များနှင့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ အဖွဲ့ဝင်များ၊ သင်တန်းသား သင်တန်းသူများတွေ့ဆုံ
=================================

နေပြည်တော်  ဇန်နဝါရီ  ၂၇

ပြည်ထောင်စု   ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်သည် ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ အဖွဲ့ဝင် ၁၃ ဦးနှင့် သင်တန်းသား/သင်တန်းသူ ၂၇ ဦးတို့ကို  ယနေ့မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအစည်းအဝေးခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။ 

ထိုသို့   တွေ့ဆုံရာတွင်   ပြည် ထောင်စု  ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က အမှာစကား ပြောကြားပြီး     ပွင့်လင်းမြန်မာ့ ရှေ့ဆောင်မှ    အဖွဲ့ဝင်များနှင့် သင်တန်းသား  သင်တန်းသူများက ရွေးကောက်ပွဲနှင့်ပတ်သက်၍  မဲ စာရင်းပြုစုခြင်း၊  မဲဆန္ဒရှင်ပညာ ပေးခြင်း၊ ကြိုတင်မဲကိစ္စ၊ ပြည်တွင်း လေ့လာစောင့်ကြည့်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊   မဲပေးမှုစနစ်နှင့်  ပါတီ ဆိုင်ရာကိစ္စရပ်များကို   မေးမြန်းရာ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးဝင်းကြည်က  အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ  လုပ်ငန်း များကိုလည်းကောင်း၊ ဦးညွန့်တင်က ဆန္ဒမဲပေးခြင်းနှင့် ကြိုတင်မဲပေးခြင်း ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ဦးဝင်းကိုက    ပြည်တွင်းလေ့လာ စောင့်ကြည့်ရေးအဖွဲ့များ ဖိတ်ခေါ် ထားရှိမှု၊    မဲဆန္ဒရှင်ပညာပေးခြင်း ကိစ္စ၊ မဲပေးမှုစနစ်နှင့် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း  ဥပဒေနှင့် ပတ်သက်၍လည်းကောင်း ပြန်လည် ရှင်းလင်းဖြေကြားသည်။

ယင်းသို့  တွေ့ဆုံရာတွင် ပြည် ထောင်စု  ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊   အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက် ရောက်ခဲ့ကြကြောင်း   သတင်းရရှိ သည်။                  (သတင်းစဉ်)

No comments:

Post a Comment