ရန်ကုန် နိုဝင်ဘာ ၁
ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ် ပြိုင်ခွင့်ရရှိခဲ့သည့် မြန်မာ ယူ-၁၉ အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ ညပိုင်းက ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသည်။
ဂုဏ်ပြုပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းတို့ က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ယင်းနောက် မြန်မာယူ-၁၉ အသင်းအတွက် အလှူရှင်များက ဂုဏ်ပြုဆုငွေများကို ချီးမြှင့်ရာ ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များက လက်ခံရယူ ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ကျေးဇူးတင်စကားပြောကြားပြီး အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။
ယခုဂုဏ်ပြုပွဲတွင် မြန်မာယူ-၁၉ အသင်းအတွက် ဂုဏ်ပြုဆုငွေကျပ် ၄ဝ၈၈ သိန်း ရရှိခဲ့သည်။
သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်

No comments:
Post a Comment