Saturday, March 14, 2020

ပြည်သူလူထုအနေဖြင့် စိုးရိမ်ကြောက်လန့်အောင် မမှန်သတင်းဖြန့်ဝေနေသည့် ကောလာဟလများကို မယုံကြည်ကြရန်၊ COVID - 19 မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသည့် သတိပေးနှိုးဆော်ချက်များအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ပြည်သူသို့ ပန်ကြားချက်

၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော်  ၅  ရက်

( ၂၀၂၀ ပြည့်နှစ်၊ မတ်လ  ၁၃ ရက် )

၁။ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID - 19) ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (World Health Organization - WHO ) က ၁၁-၃-၂၀၂၀ ရက် မြန်မာစံတော်ချိန် ည ၁၁:၁၃ နာရီတွင် သတ်မှတ်ကြေညာခဲ့ပါသည်။ 
၂။ ထို့ကြောင့် ၃၀-၁-၂၀၂၀ ရက်နေ့က ဖွဲ့စည်းခဲ့သော Coronavirus Disease 2019 (COVID-19) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီကို အမျိုးသားအဆင့် ဗဟို ကော်မတီအဖြစ် ၁၃-၃-၂၀၂၀ ရက်နေ့၌ တိုးမြှင့်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။
၃။ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) သည် လူစုလူဝေးများပြားရာနေရာများတွင် လျင်မြန်စွာကူးစက် နိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် လူစုလူဝေးဖြင့်ကျင်းပသော အခမ်း အနားများ၊ ပွဲလမ်းသဘင်များ (မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အတွက် မဏ္ဍပ် ဆောက်လုပ်ပြီး ကျင်းပခြင်းအပါအဝင်) မပြုလုပ်ကြရန်ဖြစ်ပါသည်။ ထိုသို့ အခမ်းအနားများ၊ ပွဲလမ်းသဘင်များကို ယနေ့မှစ၍ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃၀ ရက်ထိ ကျင်းပခွင့်မပြုဘဲ ရပ်ဆိုင်းထားရေးကိုလည်း သက်ဆိုင်ရာဌာန များသို့ ညွှန်ကြားထားပြီး လိုအပ်ပါက ရပ်ဆိုင်းကာလကို ထပ်မံတိုးမြှင့် သတ်မှတ်သွားမည်ဖြစ်ပါသည်။

၄။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ စောင့်ကြည့်လူနာနှင့် သံသယလူနာများ၏ သတင်းများ၊ အဆိုပါလူနာများ၏ ဓာတ်ခွဲအဖြေသတင်းများကို ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် ပေးလျက်ရှိရာ ၁၂-၃-၂၀၂၀ ရက်၊  ည(၁၀)နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိရသေးကြောင်း သိရှိရပါ သည်။

၅။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် စိုးရိမ်ကြောက်လန့်အောင် မမှန် သတင်းဖြန့်ဝေနေသည့် ကောလာဟလများကို မယုံကြည်ကြရန်၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) မဖြစ် ပွားစေရေးအတွက်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက  အချိန်နှင့် တစ်ပြေးညီ  ထုတ်ပြန်ထားသည့် သတိပေးနှိုးဆော်ချက်များအတိုင်း တိတိ ကျကျလိုက်နာဆောင်ရွက်ရန်နှင့် မိမိပတ်ဝန်းကျင်တွင် သံသယလူနာတွေ့ရှိ ပါက ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးသတင်းပို့ အသိပေးဆောင်ရွက် သွားကြရန် အလေးအနက်ပန်ကြားအပ်ပါသည်။

No comments:

Post a Comment