နေပြည်တော် မတ် ၃
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်း အဝေး ၁၆ ရက်မြောက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ကြသည်။
မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းက ဥပဒေမူကြမ်းဇယား အမှတ်စဉ် (၂၅) ပုဒ်မခွဲ(ဋ)တွင် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင်အဖြစ်မှ ပယ်ဖျက်ရန် အဆိုပြုတင်ပြလိုသည်ကို တွေ့ရှိရပါကြောင်း၊ မိမိအနေဖြင့် ပယ်ဖျက်ရန်မသင့်သေးသည်ကို ဆွေးနွေးလိုပါကြောင်း၊ လက်ရှိအခြေအနေ တွင် နယ်စပ်ရေးရာဒေသများ၏ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုအစုစုတို့၏ သတင်းအချက်အလက်များ စွာကို ယင်းဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ စုစည်းဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အရေးကြီးသည့် ကိစ္စရပ်များတွင် ပါဝင်အကြံပြု ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပယ်ဖျက်ရန်မသင့်ပါကြောင်း ဆွေးနွေး သည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝင်းမိုးက ပုဒ်မ ၃၉၆ ပုဒ်မခွဲ(ခ)တွင် လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့်ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း။
မူလပြဋ္ဌာန်းထားသည့် ပုဒ်မ ၃၉၆ ပုဒ်မခွဲ(ခ)သည် မဲဆန္ဒရှင် ပြည်သူလူထု အပေါ်တွင်လည်း အခွင့်အရေး အပြည့်အဝရရှိစေခြင်း၊ သက်ဆိုင်ရာ တိုင်တန်းခံ ရသည့် ကိုယ်စားလှယ်အပေါ်တွင်လည်း မနစ်နာစေခြင်း၊ နိုင်ငံတော်သစ္စာဖောက် ဖျက်မှုကဲ့သို့သော အရေးကြီးကိစ္စရပ်များအပေါ်တွင်လည်း လျင်မြန်စွာ ကိုင်တွယ်ထိန်းကျောင်းနိုင်ခြင်း၊ ကိုယ်စားလှယ်၏ အကျင့်သိက္ခာချို့ယွင်း ပျက်ပြားနေမှုအပေါ်တွင်လည်း အမြန်ဖော်ထုတ်အရေးယူနိုင်ခြင်း၊ မနည်းလွန်း၊ မများလွန်းသော တိုင်တန်းနိုင်သည့် ဦးရေဖြစ်ခြင်း၊ ကာယကံရှင် ကိုယ်စားလှယ် များအနေဖြင့်လည်း မှန်ကန်စွာ ဆောင်ရွက်နေပါက စိုးရိမ်ကြောက်လန့်စရာ မလိုခြင်း၊ တိုင်တန်းမှုအပေါ် ချက်ချင်းအရေးယူဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ စိစစ်မှုများ အဆင့်ဆင့်ဆောင်ရွက်ပြီး မှန်ကန်မှသာ အရေးယူဆောင်ရွက်သွား မည်ဖြစ်ခြင်း စသည့်အချက်များကြောင့် မူလပြဋ္ဌာန်းချက်အတိုင်းသာထားရှိ သွားရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီက ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၆ ပုဒ်မခွဲ(ဃ) မူလပြဋ္ဌာန်းချက်တွင် စစ်မှန်၍ စည်းကမ်းပြည့်၀သော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးဖြစ်ပြီး အဆိုပြုပြင်ဆင်ချက်တွင် စစ်မှန် သော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးဖြစ်ပါကြောင်း၊ ယင်းအဆိုပြုပြင်ဆင် ချက်ကို ကန့်ကွက်ပါကြောင်း၊ မိမိအနေဖြင့် ပုဒ်မ ၆ ပုဒ်မခွဲ (ဃ) မူလပြဋ္ဌာန်းချက် အတိုင်းထားရှိရန် အဆိုပြုတင်ပြအပ်ပါကြောင်း၊ စည်းကမ်းဖြင့် ရှေ့ကိုတက် လှမ်းမှသာ နိုင်ငံရေးပါတီများသည် ဒီမိုကရေစီကို အောင်မြင်ထွန်းကားစေရန် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သဖြင့် မူလပြဋ္ဌာန်းချက်ကို ထောက်ခံခြင်းဖြစ်ပါ ကြောင်း ဆွေးနွေးသည်။

မိုင်းရယ်မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်က နိုင်ငံသားတိုင်းသည် ဥပဒေနှင့် အညီ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခွင့်ရရှိရ မည်ဖြစ်ပါကြောင်း၊ ထို့ပြင် မိမိတို့ကိုယ်စား ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်ကိုလည်း ပြည်သူ့ဆန္ဒကိုဖော်ဆောင်ပေးနိုင်ခြင်း မရှိပါက တာဝန်မှပြန်လည်ရုပ်သိမ်းနိုင်ခွင့် အခွင့်အရေးရရှိရမည် ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၉၆ ပုဒ်မခွဲ(ခ) မူလပြဋ္ဌာန်းချက်တွင် သက်ဆိုင်ရာမဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံးတစ်ရာခိုင်နှုန်း တို့က တာဝန်မှပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဟု ပြဋ္ဌာန်းထားပြီး ဦးထွန်းထွန်းဟိန်ကိုယ်စားပြု တင်သွင်းသည့် ပြင်ဆင်ချက်တွင် တစ်ရာခိုင်နှုန်းအစား ၂၀ ရာခိုင်နှုန်းဟု ပြင်ဆင်ထားပါကြောင်း။
မူလပြဋ္ဌာန်းချက်အရ အနည်းဆုံး တစ်ရာခိုင်နှုန်းဆိုသည်မှာ နည်းလွန်းသည့် အရေအတွက်ဖြစ်ပြီး မကြာခဏ တိုင်ကြားမှုများနှင့်သာ ရင်ဆိုင်နေရခြင်းမှာ လည်း လွှတ်တော်ကိုယ်စားလှယ်၏ တာဝန်များ လစ်ဟင်းသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းနိုင်သည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းဆောင်ရွက်သွားနိုင်ရေးအတွက် မူလမဲဆန္ဒရှင် ၂ဝ ရာခိုင် နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဆိုသည့် ပြင်ဆင်ချက်သည် သင့်လျော်ပါကြောင်း ဆွေးနွေးသည်။
ယင်းဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်ဇော်လှိုင်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုး၊ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ကျော်စန်းလင်း၊ မယ်စဲ့မဲဆန္ဒနယ်မှ ဦးသန်းလင်းလင်း၊ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် သက်ထွန်း အောင်၊ ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၊ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ် မင်းလှိုင်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာ ဦးကြွယ် ကြွယ်၊ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မိုး၊ ရွာငံမဲဆန္ဒနယ်မှ ဦးအောင်စိုးမင်း၊ တပ်မတော်သားပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဗိုလ်မှူးတင်လင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅)မှ ဦးတင်အောင်ထွန်း၊ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သန်းဦးလွင်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်မြင့်ဦး၊ ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးစတီဖန်၊ ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၂)မှဦးဆီဟူးဒွေ့၊ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးကျော်ကျော်နှင့် သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်တို့က ဆက်လက် ဆွေးနွေးကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်း အဝေး ၁၇ ရက်မြောက်နေ့ကို မတ် ၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်း အဝေး ၁၇ ရက်မြောက်နေ့ကို မတ် ၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်(သတင်းစဉ်)
ဓာတ်ပုံ-စိုးဝင်းထွန်း
ဓာတ်ပုံ-စိုးဝင်းထွန်း
No comments:
Post a Comment