Monday, March 2, 2020
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အခမ်းအနား တက်ရောက်
ရန်ကုန် မတ် ၁
ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်အခမ်း အနား ကျင်းပရေးကော်မတီက ကြီးမှူး ကျင်းပသည့် ဥပဒေပညာဌာန နှစ် (၁၀၀)ပြည့် အထိမ်းအမှတ် အခမ်း အနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ(RC)ရှေ့၌ ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်း တက်ရောက်ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။ရှေးဦးစွာ ဥပဒေမောင်နှမများက ရာပြည့်သဘင်သီချင်းဖြင့် ဖျော်ဖြေကြ သည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ထို့နောက် ဥပဒေပညာဌာန နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်အခမ်းအနား ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန် တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဥမ္မာကျော်၊ ဥပဒေပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာဒေါ်ခင် ချစ်ချစ်၊ ပါမောက္ခ(ငြိမ်း) ဦးလှအောင်၊ပါမောက္ခချုပ်(ငြိမ်း) ဝဏ္ဏကျော်ထင် ဒေါက်တာတင်အောင်အေး၊ ပါမောက္ခ (ငြိမ်း) ဒေါ်သန်းနွဲ့နှင့် ဥပဒေပညာဌာန နှစ် (၁၀၀) ပြည့်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ(RC)ခန်းမ၌ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အခမ်းအနား ကို ဆက်လက်ကျင်းပရာ ကံ့ကော် တောမျိုးအောင်နှင့် ဥပဒေမောင်နှမ များက ဥပဒေရာပြည့်သဘင်(၂) သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဝဏ္ဏကျော်ထင် ဒေါက်တာတင်အောင်အေးက အမှာ စကားပြောကြားသည်။
ဂုဏ်ပြုအမှာစကားပြောကြား
ယင်းနောက် ရန်ကုန်တက္ကသိုလ် ဥပဒေကျောင်းသားဟောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ တန်ဖိုးရှိလှသည့် အခမ်း အနား၌ စကားပြောကြားခွင့်ရသည့် အတွက် အထူးဝမ်းမြောက်ဂုဏ်ယူပါ ကြောင်း၊ ယနေ့အခမ်းအနားကို ၁၉၇၀ - ၁၉၇၅ ခုနှစ် ကျောင်းသား ဟောင်းတစ်ဦးအနေဖြင့် တက်ရောက် ခြင်းဖြစ်ပါကြောင်း၊ ယခု အခမ်းအနား ကို ဥပဒေ ကျောင်းသား ကျောင်းသူ များအနေဖြင့် ညီညီညွတ်ညွတ်၊ သိုက်သိုက်ဝန်းဝန်း၊ ပျော်ပျော်ရွှင်ရွှင် ဖြင့် ကျင်းပနိုင်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိတို့ နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရန် များစွာ လိုအပ်နေသေးသည့် နိုင်ငံဖြစ်ပါ ကြောင်း၊ ဖွံ့ဖြိုးတိုးတက် ရန်အတွက် တရားဥပဒေစိုးမိုးရေးသည် အဓိက နေရာတွင်ရှိပါကြောင်း၊ တရားဥပဒေ စိုးမိုးရန် ဥပဒေ ကျောင်းသား ကျောင်းသူများတွင် တာဝန်ရှိမည်ဟု ယုံကြည် မျှော်လင့်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုး တိုးတက် လာအောင် ဥပဒေ ကျောင်းသား ကျောင်းသူများအနေဖြင့် တစ်တပ် တစ်အား ပါဝင်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ကိုယ်တိုင်ကလည်း နိုင်ငံဖွံ့ဖြိုး တိုးတက်ရန်အတွက် အတတ်နိုင်ဆုံး ကြိုးစားနေပါကြောင်း၊ ယခုကာလကို ပြန်ကြည့်ပါက ဥပဒေ ကျောင်းသား ကျောင်းသူများ၊ ဥပဒေဘွဲ့ရသူများ သည် နေရာအတော်များများတွင် တာဝန်ပေးခံရသည်ကို တွေ့ရမည်ဖြစ် ကြောင်း၊ လူမှန်၊ နေရာမှန် ရောက်လာ သည်ဟု ပြော၍ရပါကြောင်း၊ လူမှန်၊ နေရာမှန် ရောက်လာသည့်အချိန်၊ လုပ် ပိုင်ခွင့်ရသည့်အချိန်တို့တွင် မိမိတို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက်လုပ်ဆောင်ကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း ပြောကြားသည်။
ပေးအပ်ချီးမြှင့်
ထို့နောက် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမြင့်က ပဉ္စမနှစ် ဥပဒေ စာမေးပွဲတွင် ပထမအဆင့် အောင်မြင် သူ မဆုလဲ့နန္ဒာအား ဂုဏ်ပြုရွှေတံဆိပ် ဆုကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား ဥပဒေ ကျောင်းသားဟောင်း ဒုတိယစစ် ဥပဒေချုပ် ဗိုလ်ချုပ်သောင်းနိုင်က ဥပဒေပညာဌာနအတွက် အလှူငွေ ကျပ်သိန်း ၃၀၊ နန်းမြိုင်ကော်ဖီ အထုပ် ကြီး ၁၀၀ နှင့် ရွှေဖီဦး အသင့်ဖျော် လက်ဖက်ရည်အထုပ်ကြီး ၁၀ဝ တို့ကို ပေးအပ်လှူဒါန်းရာ ဥပဒေ ပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာ ဒေါ်ခင် ချစ်ချစ်က လက်ခံရယူပြီး ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်က ကျေးဇူး တင်စကား ပြောကြားသည်။
ယင်းနောက် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ပါမောက္ခ(ငြိမ်း) ဒေါက်တာ ဒေါ်သန်းနွဲ့၊ ပါမောက္ခ(ငြိမ်း) ဒေါ်ကြင် ဦးနှင့် ပါမောက္ခ(ငြိမ်း) ဒေါက်တာ ခင်မာရီတို့က ဥပဒေပညာနှင့် ပတ် သက်သည့် စာတမ်းများကို ဖတ်ကြား ကြပြီး ညပိုင်းတွင် သစ်ပုပ်ပင်ရှေ့ မြက်ခင်းပြင်၌ မိတ်ဆုံစားပွဲကို ကျင်းပ သည်။
သတင်းစဉ်
Labels:
ပည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment