Thursday, February 6, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ပြင်သစ်နိုင်ငံမှ MEDEF International စီးပွားရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
Image may contain: 31 people, people standing and indoor
နေပြည်တော် ဖေဖော်ဝါရီ ၅
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Mr. Christian Lechervy ဦးဆောင်သော ပြင်သစ်နိုင်ငံမှ MEDEF International စီးပွားရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် စီးပွားရေးပြုပြင် ပြောင်းလဲမှုတို့နှင့်ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံတွင် ပြင်သစ်ကုမ္ပဏီ များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး အခွင့်အလမ်းများနှင့် စီးပွားရေး၊ ကုန်သွယ် ရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်နှင့် အခြေခံအဆောက်အဦကဏ္ဍတို့၌ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအလားအလာများနှင့်ပတ်သက်၍ လည်းကောင်း ဆွေးနွေး ခဲ့ကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
MEDEF International သည် ပြင်သစ် စီးပွားရေးလုပ်ငန်းရှင်များ ကွန်ဖက်ဒရေးရှင်း ကို ကိုယ်စားပြုသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်းနှင့် ပြင်သစ်စီးပွားရေးကိုယ်စား လှယ်အဖွဲ့တွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် ပြင်သစ်ကုမ္ပဏီများမှ လုပ်ငန်းရှင်ကိုယ်စားလှယ် စုစုပေါင်း ၂၈ ဦး လိုက်ပါလာကြောင်း သိရှိရသည်။
သတင်းစဉ်

No comments:

Post a Comment