Friday, February 7, 2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်အဖွဲ့
ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲလေ့လာရန်အတွက် အိန္ဒိယနိုင်ငံသို့ ထွက်ခွာ
Image may contain: 8 people, people standing and suit
နေပြည်တော် ဖေဖော်ဝါရီ ၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်အဖွဲ့သည် အိန္ဒိယ နိုင်ငံ ပြည်ထောင်စုနယ်မြေ ဒေလီ၏ ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲလေ့လာ ရန်အတွက် ယနေ့ ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံသို့ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့အား မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတို့မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်မှ တာဝန် ရှိသူများ လိုက်ပါသွားကြပြီး ခရီးစဉ်မှာ ဖေဖော်ဝါရီ ၁၂ ရက်အထိ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment