ရန်ကုန် ဖေဖော်ဝါရီ ၄
ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌ ကျင်းပလျက်ရှိသည့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၀)ပွဲတော်၏ စတုတ္ထမြောက်နေ့ ညနေပိုင်းတွင် ကချင်ရိုးရာပြခန်း၌ ကချင် ရိုးရာမနောပွဲကို ကျင်းပသည်။
အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာ ရွှေလွှမ်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၏ဇနီးများ၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကိုးကန့်၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ နာဂ၊ ‘ဝ’ နှင့် အခြားတိုင်းရင်းသားများ တက်ရောက်ကြသည်။
ပျော်ရွှင်စွာဆင်နွှဲ
ရှေးဦးစွာ ဧည့်သည်တော်များနှင့် တိုင်းရင်းသားများ စုပေါင်း၍ ကချင်ရိုးရာ ပြခန်းရှေ့ရှိ မနောကွင်းတွင် မနောအကကို ပျော်ရွှင်စွာ ဆင်နွှဲကြသည်။
အဆိုပါ မနောအကသည် တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်စွာ ဖြင့် မြန်မာနိုင်ငံ၏စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် ရည်ရွယ်၍ ကျင်းပသည့် ဆွတ်မနောင် (စီးပွားရေးအောင်မြင်ဖြစ်ထွန်းသော အခါ ကသည့်ပွဲ) ဖြစ်ကြောင်း သိရသည်။
ကချင်ရိုးရာမနောအကသည် အဓိကအားဖြင့် ငါးမျိုးရှိပြီး ၎င်းတို့မှာ ပဒန်မနောင် (စစ်အောင်နိုင်ခြင်း အထိမ်းအမှတ်ဖြစ်အောင် ပွဲခံသည့်ပွဲ)၊ ဆွတ်မနောင် (စီးပွားရေးအောင်မြင်ဖြစ်ထွန်းသောအခါ ကသည့်ပွဲ)၊ ဂျူမနောင် (မကျန်းမာသည့်အခါနှင့် အသက်အရွယ်ကြီးရင့်သော ဘိုးဘွားအိုများ သေဆုံးသောအခါ ကျင်းပသောပွဲ)၊ ဂွမ်ရင်မနောင် (ညီအစ်ကိုတစ်ဦးဦး နယ်မြေသစ်တည်ထောင်နေထိုင်သောအချိန် ကျင်းပသည့်ပွဲ)၊ ရှိဒိပ်မနောင် (နယ်မြေသစ်သတ်မှတ်ခြင်းနှင့် အုပ်ချုပ်ခြင်းအထိမ်းအမှတ်အဖြစ် ကျင်းပ သည့်ပွဲ) စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အစဉ်အလာကောင်းများကို ထိန်းသိမ်း
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် မိုးလေဝသ မှန်ကန် စေရန်၊ ဆန်ရေစပါး၊ ကောက်ပဲသီးနှံ ပေါများကြွယ်ဝစေရန်၊ သဘာဝ ဘေးအန္တရာယ်မှ ကင်းဝေးစေရန်၊ တိုင်းပြည်အေးချမ်းသာယာပြီး တိုင်းရင်းသား များ ပိုမိုချစ်ကြည်ရင်းနှီးစည်းလုံးစေရန်နှင့် မျိုးဆက်သစ်လူငယ်များ မိမိတို့ ရိုးရာယဉ်ကျေးမှု အစဉ်အလာကောင်းများကို ထိန်းသိမ်းစောင့်ရှောက်လိုစိတ် ဖြစ်လာရန် ရည်ရွယ်၍ စုပေါင်းဆင်နွှဲကြသည့် ကယားတိုင်းရင်းသား ရိုးရာ ကေ့ထျိုးဘိုး(ခေါ်) တံခွန်တိုင်ပွဲတော်ကို ကယားတိုင်းရင်းသားများနှင့်အတူ ပါဝင်ဆင်နွှဲသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် အဖွဲ့ဝင်များသည် ကချင်ရိုးရာပြခန်းတွင် တိုင်းရင်းသားများ အချင်းချင်းချစ်ကြည်ရင်းနှီးမှုများရရှိစေရန်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုများ တိုးတက်ဖြစ်ထွန်းစေရန်၊ ရိုးရာအစားအစာများနှင့် ယဉ်ကျေးမှုများ အချင်းချင်းဖလှယ်ကြရန် ရည်ရွယ် ကျင်းပသည့် ကချင်တိုင်းရင်းသားများ၏ ရိုးရာအစားအစာများဖြင့် တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။

ယင်းနောက် ဒုတိယသမ္မတ၏ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်၊ ပြည်ထောင်စုဝန်ကြီးများ၏ဇနီးများနှင့် အဖွဲ့ဝင်များသည် ကျိုက္ကဆံ အားကစားကွင်းရှိ သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၀) ဖျော်ဖြေရေးစင်မြင့် ၌ တိုင်းရင်းသားအဆိုရှင်များ၏ သီဆိုဖျော်ဖြေမှုများ၊ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုအကအလှ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးသည်။
သတင်းစဉ်
No comments:
Post a Comment