Thursday, February 27, 2020

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မသန်စွမ်းသူများအတွက် နေပြည်တော်တွင် အတားအဆီးကင်းမဲ့သောပတ်ဝန်းကျင် စံနမူနာပြတည်ဆောက်ထားမှုများ ကြည့်ရှု




Image may contain: 8 people, people standing and outdoor
နေပြည်တော် ဖေဖော်ဝါရီ ၂၆


 

ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ရေပန်းဥယျာဉ်နှင့် မြို့မစျေးတို့၌ မသန်စွမ်းသူများအတွက် အတား အဆီးကင်းမဲ့သော ပတ်ဝန်းကျင် စံနမူနာပြ တည်ဆောက်ထားသည့် အခြေအနေများကို ယနေ့နံနက်ပိုင်း က မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ နေပြည် တော် ကောင်စီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် နေပြည်တော် ရေပန်းဥယျာဉ်သို့ ရောက်ရှိကြပြီး မသန်စွမ်းသူများ အဆင်ပြေစွာ သွားလာ အပန်းဖြေနိုင်ရန်အတွက် ဘီးတပ်ကုလားထိုင်သွားလာနိုင်သည့် လမ်းများ၊ အမြင်အာရုံချို့ယွင်းသူများ အသုံးပြုနိုင်ရန် အမှတ်အသားပါ လျှောက်လမ်းများ၊ စတီးလက်ရန်း များ တည်ဆောက်ပြီးစီးမှုများကို လှည့်လည်ကြည့်ရှုကြပြီး မသန်စွမ်း သူများ ပိုမိုအဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။
ပူးပေါင်းပါဝင်ပေးနိုင်ရေးညှိနှိုင်း
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် မြို့မစျေးသို့ သွားရောက်ကြပြီး စျေးတန်းအပြင် လျှောက်လမ်းနှင့် အတွင်းလျှောက်လမ်းများတွင် မသန် စွမ်းသူများ အဆင်ပြေစွာ သွားလာ အသုံးပြုနိုင်ရေးအတွက် ဘီးတပ် ကုလားထိုင်သွားလာနိုင်သည့် လမ်း များ၊ သန့်စင်ခန်းများ၊ အမြင်အာရုံ ချို့ယွင်းသူများ အသုံးပြုနိုင်ရန် အမှတ်အသားပါ လျှောက်လမ်းများ၊ စတီးလက်ရန်းများ တည်ဆောက် ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများ ကို လှည့်လည်ကြည့်ရှုကြပြီး စျေးသူ၊ စျေးသားများနှင့်တွေ့ဆုံ၍ လုပ်ငန်း များဆောင်ရွက်ရသည့် ရည်ရွယ်ချက် ကို ရှင်းလင်းကာ ပူးပေါင်းပါဝင်ပေးနိုင် ရေးအတွက် ညှိနှိုင်းပြောကြားသည်။
စံနမူနာတည်ဆောက်
ပြည်ထောင်စုနယ်မြေ နေပြည် တော်ရှိ ရေပန်းဥယျာဉ်နှင့် မြို့မစျေး တို့၌ မသန်စွမ်းသူများအတွက် အတားအဆီးကင်းမဲ့သော ပတ်ဝန်း ကျင် စံနမူနာ တည်ဆောက်ခြင်းကို မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဆောက်လုပ် ရေးဝန်ကြီးဌာနနှင့် နေပြည်တော် ကောင်စီတို့က ပူးပေါင်းတည်ဆောက် ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment