Tuesday, February 4, 2020

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး - ၂၀၂၀ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

Image may contain: 6 people, suit, wedding and indoor

ဆိုးလ် ဖေဖော်ဝါရီ ၃
ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသား တိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်း အဝေး - ၂၀၂၀ သို့ တက်ရောက်ရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ တာဝန်ရှိသူများနှင့် အတူ ဖေဖော်ဝါရီ ၂ ရက် ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ကိုရီးယားသမ္မတနိုင်ငံသို့ ထွက်ခွာရာ ဖေဖော်ဝါရီ ၃ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၁၅ မိနစ်တွင် ဆိုးလ်မြို့ သို့ ရောက်ရှိသည်။
ကြိုဆိုနှုတ်ဆက်
ဒုတိယသမ္မတနှင့် အဖွဲ့အား ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသန့်စင်၊ Universal Peace Federation - UPF ၏ အာရှ- ပစိဖိတ်ဒေသဆိုင်ရာ ဥက္ကဋ္ဌ Mr. Ek Nath Dhakal ၊ သံရုံးဝန်ထမ်းများ၊ သံရုံး မိသားစုဝင်များနှင့် တာဝန်ရှိသူများက အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တ တည်းခိုမည့် Lotte Hotel Seoul သို့ ရောက်ရှိကြသည်။
တက်ရောက်
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ တာဝန်ရှိသူများနှင့်အတူ Kintex Center ၌ ကျင်းပသည့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်း အဝေး- ၂၀၂၀ (Peace , Security and Human Development World Summit 2020 ) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
လက်ခံတွေ့ဆုံ
ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ငြိမ်းချမ်းရေး၊ လုံခြုံ ရေးနှင့် လူသားတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး-၂၀၂၀ ၏ အထွေထွေ အတွင်းရေးမှူး Dr. Young Ho Yun အား ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် Kintex Center ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် တတိယအကြိမ် အာရှ- ပစိဖိတ် ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံအစိုးရနှင့် UPF တို့ပူးတွဲ၍ မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ကျင်းပ နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးစိုးဟန်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ငြိမ်းချမ်းရေး၊ လုံခြုံ ရေးနှင့် လူသားတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး - ၂၀၂၀ ကြိုဆို ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။
သတင်းစဉ်

No comments:

Post a Comment