Wednesday, January 1, 2020

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏
၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား
Image may contain: 1 person, sitting and indoor
ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်း သား ညီအစ်ကိုမောင်နှမများအားလုံး နှစ်သစ်အခါသမယ မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်း နဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်း ဆက်သအပ်ပါတယ်။
ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျာ
ယနေ့အချိန်အခါသည် ကျွန်တော်တို့နိုင်ငံအတွက် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ဟာ မရှိမဖြစ် အရေးတကြီး လိုအပ်နေတဲ့အရာများ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ မှန်ကန်မျှတတဲ့ သဘောထား အမြင်များကိုအခြေခံပြီး နားလည်မှု၊ ယုံကြည်မှုတို့ဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ငြိမ်းချမ်း သာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ကြီးကို မလွဲမသွေ တည်ဆောက် နိုင်မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့လွှတ်တော်သည်လည်း တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသော ထာဝရ ငြိမ်းချမ်းရေးရရှိနိုင်ဖို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့မှတစ်ဆင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများကို အသိပေး တင်ပြအပ်ပါတယ်။
တိုင်းရင်းသားပြည်သူများအနေနဲ့လည်း ငြိမ်းချမ်း ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ကျွန်တော်တို့လွှတ်တော်နဲ့အတူ ကျရာအခန်းကဏ္ဍ မှနေပြီး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြပါစေ။ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲဖို့အတွက် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်း အားထုတ်နိုင်ကြပါစေ။
၂၀၂၀ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်း သာပြီး လိုအင်ဆန္ဒများ ပြည့်ဝနိုင်ကြပါစေလို့ ဆုမွန် ကောင်း တောင်းလိုက်ပါတယ်ခင်ဗျား။
အားလုံးကိုကျေးဇူးတင်ပါတယ်။

No comments:

Post a Comment