Saturday, January 4, 2020

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့)တွင် ထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၁၀၀၀/-ကျပ်တန် ငွေစက္ကူပုံစံသစ်၏ ပုံသဏ္ဌာန်နှင့် အမှတ်အသားများ

Image may contain: 1 person
နေပြည်တော် ဇန်နဝါရီ ၃
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် ထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၁၀၀၀/-ကျပ်တန် ငွေစက္ကူပုံစံသစ်၏ မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပုံနှင့် ကျောဘက်တွင် လွှတ်တော်အဆောက်အဦပုံ ရိုက်နှိပ်ထားပါသည်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၁၀၀၀/-ကျပ်တန် ငွေစက္ကူပုံစံသစ်၏ အရွယ်အစားမှာ အလျား ၁၅၀ မီလီမီတာနှင့် အနံ ၇၀ မီလီမီတာရှိပါသည်။ ပေါ်လွင်သောအရောင်မှာ အပြာရောင်ဖြစ်ပါသည်။
ဖောင်းကြွပုံနှိပ်နည်းစနစ်ဖြင့် ရိုက်နှိပ်ထား
ငွေစက္ကူဆေးသားရိုက်နှိပ်ရာတွင် ဖောင်းကြွပုံနှိပ်နည်းစနစ်ဖြင့် ရိုက်နှိပ်ထားသည့်အတွက် ငွေစက္ကူ၏တန်ဖိုးဂဏန်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာသားနေရာများသည် ပီပြင်ထင်ရှား သည့်အပြင် လက်ဖြင့်စမ်းသပ်ကြည့်ပါက ကြမ်းတမ်းမှုရှိကြောင်း တွေ့ရှိရပါသည်။ ငွေစက္ကူ နံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ်အက္ခရာ အင်္ဂလိပ်ဂဏန်းဖြင့် ဒေါင်လိုက်ရိုက်နှိပ်ထားပါသည်။
ငွေစက္ကူ၏ မျက်နှာစာဘက်ရှိ ဘယ်/ညာ အစွန်းများတွင် အမြင်အာရုံ အားနည်းသူများအတွက် လက်ဖြင့်ထိတွေ့စမ်းသပ်ကြည့်ပါက အာရုံခံသိရှိ နိုင်သည့် ဖောင်းကြွလိုင်းတိုမျဉ်းကြောင်းငယ် (၁၁)ကြောင်း စီရိုက်နှိပ် ထားပါသည်။ ငွေစက္ကူပုံစံအသစ်ကို အလင်းရောင်တွင် ထောင်ကြည့်ပါက ငွေစက္ကူမျက်နှာစာဘက် ဗိုလ်ချုပ်ရုပ်ပုံ၏ လက်ဝဲဘက်တွင် ဗိုလ်ချုပ် အောင်ဆန်းရုပ်ပုံရေစာကို ရှင်းလင်းစွာတွေ့မြင်နိုင်ပါသည်။
လုံခြုံရေးကြိုးအား တစ်ဝက်ဖုံးတစ်ဝက်ပေါ် ဒေါင်လိုက်မြှုပ်ထားပြီး ရောင်ပြေးနည်းပညာများဖြင့် ပြုလုပ်ထားသည့်အတွက် ငွေစက္ကူလှုပ်ရှားမှု ရှုထောင့်တိုင်းတွင် ရွှေရောင်မှအစိမ်းရောင်သို့ ထူးခြားစွာရုပ်လုံးကြွအရောင် ပြောင်းလဲမှုကို မြင်တွေ့နိုင်ပါသည်။ ငွေစက္ကူမျက်နှာစာ၏ လက်ယာဘက်ရှိ မြန်မာစာသား "တစ်ထောင်ကျပ်" နံဘေးခဲရောင်ဧရိယာအား ၄၅ ဒီဂရီခန့် တိမ်းစောင်းကြည့်ပါက အင်္ဂလိပ်အက္ခရာ "CBM" များကို တွေ့မြင်နိုင်ပါ သည်။ ငွေစက္ကူကို တည့်တည့်ကြည့်ပါက မတွေ့နိုင်သော်လည်း တိမ်းစောင်း ကြည့်ပါက ငွေစက္ကူ၏ ကျောဘက်ခါးလယ်တွင် ဒေါင်လိုက်ရိုက်နှိပ်ထား သည့် ရွှေရောင်ကနုတ်ကွက်အား တွေ့မြင်နိုင်ပါသည်။
ဗိုလ်ချုပ်ရုပ်ပုံပါ ၁၀၀၀/-တန် ငွေစက္ကူပုံစံသစ်အား ရုံးဖွင့်ရက်ဖြစ် သော (၇-၁-၂၀၂၀ )ရက်နေ့မှစ၍ ဘဏ်များမှ ဖြန့်ဝေပေးသွားမည်ဖြစ်ပါ သည်။ လက်ရှိသုံးစွဲလျက်ရှိသော ၁၀၀၀/-တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်

No comments:

Post a Comment