Monday, January 27, 2020

မန္တလေးမြို့ရှိ နားမကြားသောကလေးများကျောင်းသို့ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၀၀၀၀ လှူဒါန်းပေးအပ်




Image may contain: 4 people, people standing and indoor
နေပြည်တော် ဇန်နဝါရီ ၂၆



မန္တလေးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် နားမကြားသော ကလေးများကျောင်းသို့ ဂျပန်နိုင်ငံ Kyoshin Company က အမေရိကန်ဒေါ်လာ ၁၀၀၀၀ လှူဒါန်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ဂျပန်နိုင်ငံ Kyoshin Company အနေဖြင့် မန္တလေးမြို့ နားမကြားသော ကလေးများကျောင်း သို့ နှစ်စဉ်လာရောက်မှုသည် (၂၂) ကြိမ် မြောက်ဖြစ်ပြီး ဝန်ကြီးဌာနနှင့် နိုင်ငံ တကာအဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှု ပြယုဒ်တစ်ခုဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာန၏ ဆောင်ရွက်မှု များကို ပြည်သူများ၊ လူမှုအဖွဲ့အစည်း များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရ အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အားလုံးအကျုံးဝင် ပါဝင်နိုင်အောင် ကြိုးပမ်းလျက်ရှိ ကြောင်း၊ မသန်စွမ်းသူများသည် မသန်သော်လည်း စွမ်းနိုင်မှုကို ပြသ နိုင်ရန် ကူညီပံ့ပိုးထောက်ပံ့မှုများ လိုအပ်ပါကြောင်း၊ ၎င်းတို့၏ လိုအပ် ချက်များကို ပံ့ပိုးကူညီခြင်းဖြင့် နိုင်ငံ ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ကို အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း။
မသန်စွမ်းများ၏ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ရာတွင် အသက်မွေးဝမ်းကျောင်း ပညာရပ် များ လေ့ကျင့်သင်ကြားပေးခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းသည် အရေးကြီး သော ကဏ္ဍဖြစ်ကြောင်း၊ ယနေ့ လှူဒါန်းငွေဖြင့် မသန်စွမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ရန် လက်သင်္ကေတပြ ဘာသာရပ်ဆိုင်ရာ ပညာရပ်များ အထောက်အကူပြု ခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ လေ့ကျင့်သင်ကြားရေး အတွက် အဆင့်မြင့်သင်ထောက်ကူ ပစ္စည်းများ ပံ့ပိုးပေးခြင်းနှင့် လွယ်ကူ စွာ နေထိုင်လှုပ်ရှားသွားလာနိုင်ရန် ပံ့ပိုးမှုပြုခြင်း စသည်တို့တွင် အသုံးပြု မည်ဖြစ်သဖြင့် အစိုးရ၏ ဆောင်ရွက် မှုများတွင် များစွာအထောက်အကူပြု မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများ ကို ဖော်ဆောင်ရန် နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် မသန်စွမ်းကော်မတီများကို ဖွဲ့စည်း၍ မသန်စွမ်းသူများနှင့် ပူးပေါင်း ဆောင်ရွက်နေသကဲ့သို့ မသန်စွမ်းမှု များကို လျှော့ချနိုင်ရန်နှင့် ကာကွယ် နိုင်မည့် နည်းလမ်းဖြစ်သည့် ရှေးဦး အရွယ်ကလေးသူငယ် တိုင်းတာ စစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင် ရေး လုပ်ငန်းစီမံကိန်းကို ပြည်နယ် နှင့် တိုင်းဒေသကြီးအချို့တွင် ရှေ့ပြေး စတင်ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆက်လက်တိုးချဲ့နိုင်ရန် ကြိုးပမ်း လျက်ရှိပါကြောင်း၊ ကလေးများ၏ အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက် မှုကို မိဘများ၊ မိသားစုဝင်များက စောင့်ကြည့်အကဲဖြတ်၍ လိုအပ်သော အချိန်တွင် ကျွမ်းကျင်သူများ၏ အကူအညီကို ရယူကာ ဆောင်ရွက် ခြင်းဖြင့် မသန်စွမ်းမှုကို လျှော့ချနိုင် မည်ဖြစ်ပါကြောင်း၊ ထိုအသိပညာပေး မှုများကို နည်းမျိုးစုံဖြင့် ကျယ်ကျယ် ပြန့်ပြန့် ပြည်သူများ သိရှိနိုင်ရန် စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများအနေ ဖြင့် အစိုးရ၏ ပြည်သူ့အကျိုးပြု ဆောင်ရွက်ချက်များတွင် ထိရောက် စွာ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။
ထို့နောက် ဂျပန်နိုင်ငံ Kyoshin Company ၏ Chairman, Mr. Sadaaki Tachiki က နားမကြားသော ကလေးများ သင်တန်းကျောင်းသို့ သက်မွေးဝမ်းကျောင်း သင်တန်း အတွက် အကြီးစားဇာထိုးပန်းထိုးစက်၊ အပ်ချုပ်စက်၊ ကွန်ပျူတာသုံး ဇာထိုး ပန်းထိုးစက်၊ ဒီဇိုင်းဆော့ဖ်ဝဲလ်နှင့် သင်တန်းကျောင်း သင်ထောက်ကူ ပစ္စည်းများ လှူဒါန်းသွားမည်ဖြစ် ကြောင်းနှင့် နှစ်စဉ်လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်းပြောကြား သည်။
ယင်းနောက် Kyoshin Company ၏ Chairman, Mr. Sadaaki Tachiki က လှူဒါန်းငွေ အမေရိကန် ဒေါ်လာတစ်သောင်းကို ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
ထို့နောက် နားမကြားသော ကလေးများကျောင်းရှိ ကျောင်းသား ကျောင်းသူများက အကပဒေသာများ ဖြင့် တင်ဆက်သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် အသက်မွေး ဝမ်းကျောင်း သင်တန်းဆောင်ရှိ စက်ချုပ်ခန်း၊ ဇာထိုးပန်းထိုးခန်းနှင့် မော်တာစနစ် ပန်းထိုးခန်းများ တွင် လက်တွေ့ဆောင်ရွက်နေမှုများ၊ နားမကြားသူများ အရင်းအမြစ်ဌာန တွင် လက်သင်္ကေတပြ ဘာသာစကား သင်ကြားနေမှုများကို လှည့်လည် ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိ သူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးလူငယ်သင်တန်းကျောင်းသို့ ရောက်ရှိကြပြီး လူငယ်သင်တန်း ကျောင်းအုပ်က သင်တန်းကျောင်း ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက သင်တန်းသားများ၏ နေ့စဉ်ဆောင်ရွက်မှု အချိန်ဇယားတွင် စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၊ နှစ်သိမ့်ဆွေးနွေးမှု များနှင့် စာပေလေ့လာရေးကိစ္စများ ကို ပိုမိုထည့်သွင်းဆောင်ရွက်နိုင်ရေး၊ မူးယစ်အန္တရာယ်နှင့် မူးယစ်ဆေးဝါး ထပ်မံသုံးစွဲမှု မပြုရေးတို့အတွက် ဖြေရှင်းဆောင်ရွက်ရေးနည်းလမ်းများကို ဆွေးနွေးညှိနှိုင်းကြသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးစိုးအောင်သည် မန္တလေးမြို့ရှိ ပြန်လည်ထူထောင်ရေးစခန်း၌ မူးယစ် ဆေးဖြတ်ပြီး သူများကို ပြန်လည် ထူထောင်ရေးစခန်း အခြေပြုသင်တန်း ဖွင့်လှစ်၍ သင်တန်းသား ၂၀ အား ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို သွားရောက် ကြည့်ရှုအားပေး စကားပြောကြားပြီး သင်တန်း ဖွင့်လှစ်ဆောင်ရွက်မှု အခြေ အနေနှင့် ပတ်သက်၍ တာဝန်ရှိ သူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment