Thursday, December 12, 2019

လာအိုနိုင်ငံ၌ လာအိုနှင့်ရုရှား ပထမဦးဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်
No photo description available.
=
မော်စကို ဒီဇင်ဘာ ၁၁
ရုရှားနှင့်လာအိုနိုင်ငံတို့သည် “Laros” ဟု အမည်ပေးထား သော ပထမဦးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဒီဇင်ဘာ ၁၀ ရက်က လာအိုနိုင်ငံ ဘန်ပင်းလေ့ကျင့်ရေးကွင်းတွင် စတင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
ဒီဇင်ဘာ ၁၉ ရက်အထိ ကြာမြင့်မည့် အဆိုပါ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် နှစ်နိုင်ငံတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၅၀၀ ကျော် ပါဝင်ကြောင်း သိရသည်။
အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ရုရှားနိုင်ငံမှ တင့်ကား တပ်ခွဲတစ်ခွဲနှင့် တိုက်ခိုက်ရေးအထောက်အကူပြု တပ်ဖွဲ့တစ်ဖွဲ့တို့ပါဝင်ပြီး လာအိုနိုင်ငံမှ တင့်ကား၊ ထောက် လှမ်းရေးနှင့် အင်ဂျင်နီယာတပ်ဖွဲ့များအပြင် အချက်ပြနှင့် ဓာတုဆိုင်ရာ တပ်စုတစ်စုလည်းပါဝင်ကြောင်း သိရသည်။
ရုရှားနှင့်လာအိုတပ်ဖွဲ့သည် ယင်းပူးတွဲစစ်ရေး လေ့ကျင့်မှုကို အဆင့်သုံးဆင့်ဖြင့်ပြုလုပ်သွားရန် စီစဉ်ထားပြီးစစ်ရေးလေ့ကျင့်မှုအတောအတွင်း တင့်ကားတပ်ဖွဲ့ ဝင်များက ကျည်အစစ်ဖြင့်လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် နိုင်ငံတကာအကြမ်း ဖက်မှု တန်ပြန်နှိမ်နင်းရေးအပါအဝင် နှစ်နိုင်ငံအကြား စစ်ဘက်နှင့် စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ

No comments:

Post a Comment