ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း
စင်ကာပူနိုင်ငံဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်
ပညာရေးဝန်ကြီးဌာနဆိုင်ရာတွဲဖက်ဝန်ကြီးအား ညစာစားပွဲဖြင့် တည်ခင်း
စင်ကာပူနိုင်ငံဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်
ပညာရေးဝန်ကြီးဌာနဆိုင်ရာတွဲဖက်ဝန်ကြီးအား ညစာစားပွဲဖြင့် တည်ခင်း
နေပြည်တော် ဒီဇင်ဘာ ၅
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် မြန်မာနိုင်ငံ၌ ရောက်ရှိနေသော စင်ကာပူနိုင်ငံဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနဆိုင်ရာ တွဲဖက်ဝန်ကြီး Ms. Indranee Rajah အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ M. Galleryby Sofitel ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
တက်ရောက်
အဆိုပါညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းရဲပိုင်ဟိန်းတို့ တက်ရောက်ကြသည်။
သတင်းစဉ်
No comments:
Post a Comment