Friday, November 15, 2019

ပြည်သူ့လွှတ်တော်၊ လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင် UNDP/IPU Team မှ
Senior Technical Advisor နှင့် တွေ့ဆုံ
No photo description available.
နေပြည်တော် နိုဝင်ဘာ ၁၄
ပြည်သူ့လွှတ်တော် လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင်သည် UNDP/ IPU Team မှ Senior Technical Advisor Mr. John Patterson နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-1) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် UNDP /IPU Team အနေဖြင့် မြန်မာ လွှတ်တော်၏ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဆိုင်ရာအခန်းကဏ္ဍများတွင် ကူညီဆောင်ရွက်ပေးနေမှုများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများ၏ စွမ်းရည် မြှင့်တင်မှုဆိုင်ရာများနှင့် အနာဂတ်တွင် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးကြသည်။
သတင်းစဉ်

No comments:

Post a Comment