Thursday, November 14, 2019

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ငြိမ်းချမ်းမေတ္တာအဖွဲ့ နာယကနှင့် ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ
Image may contain: 2 people, people sitting, table and indoor
နေပြည်တော် နိုဝင်ဘာ ၁၃
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ငြိမ်းချမ်းမေတ္တာအဖွဲ့(RfP-International)မှ နာယက Bishop Gunnar Stalsett နှင့် ငြိမ်းချမ်းမေတ္တာအဖွဲ့ (RfP-Myanmar) မှ ဥက္ကဋ္ဌ ဦးမြင့်ဆွေ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၁) ပြည်ထောင်စုဝန်ကြီး ၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
ထိုသို့ တွေ့ဆုံရာတွင် နိုဝင်ဘာ ၁၄ ရက်မှ ၁၅ ရက်အထိ နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်တွင် ငြိမ်းချမ်း မေတ္တာအဖွဲ့(မြန်မာနိုင်ငံ)မှ ကြီးမှူး၍ကျင်းပမည့် " မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး အတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး တတိယအကြိမ် အကြံပြုဆွေးနွေးပွဲ" အခမ်းအနားနှင့်ပတ်သက်၍ စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment