Thursday, November 21, 2019

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ





Image may contain: 3 people, people sitting, table and indoor
နေပြည်တော် နိုဝင်ဘာ ၂၀


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု United States Institute of Peace (USIP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး Mr. Jason Tower နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့် သက်ဆိုင်သည့် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများကျင်းပမည့် အစီအစဉ်၊ ဆိုရှယ်မီဒီယာပေါ်တွင် အမုန်းစကားများ၊ သတင်းအမှားများ ဖြန့်ဝေမှုမရှိစေရေး ကာကွယ်သွားမည့် အစီအစဉ်၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းမှန် ပြန်ကြားရေး အတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment