Wednesday, November 27, 2019

ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ထားဝယ်မြို့ရှိ ဒေသခံတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား လက်ခံတွေ့ဆုံ




Image may contain: one or more people, people sitting, table and indoor
နေပြည်တော် နိုဝင်ဘာ ၂၆



တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ယနေ့ ညနေ ၃ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဆန်းချီ တိုးချဲ့ရပ်ကွက် ဇလပ်ဖြူလမ်းနှင့် ယင်းမာလမ်းကြား အကွက်အမှတ် ၂၄ တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး တည်ဆောက်မည့်မြေနေရာသို့ ရောက်ရှိကာ ရုံးအဆောက် အအုံတည်ဆောက်နိုင်ရေးအတွက် မြေပြုပြင်ခြင်းလုပ်ငန်းပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ တနင်္သာရီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
စံချိန်စံနှုန်း အရည်အသွေးထိန်းသိမ်း
ပြည်ထောင်စုဝန်ကြီးက ရုံး အဆောက်အအုံကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရန် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေရရှိပြီး ဖြစ်၍ ရုံးအဆောက်အအုံ ဆောက်လုပ် ရေးနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အပ်နှံ ထားပြီးဖြစ်ပါကြောင်း၊ တင်ဒါ စည်းမျဉ်းစည်းကမ်းနှင့်အညီ တင်ဒါ ခေါ်ယူရွေးချယ်နိုင်ရေး၊ တည်ဆောက် ရေးလုပ်ငန်းများကို အစိုးရအဖွဲ့မှ ကြီးကြပ်၍ စံချိန်စံနှုန်းနှင့် အရည် အသွေးထိန်းသိမ်းပြီး ဘဏ္ဍာနှစ် အတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ညှိနှိုင်းဆောင်ရွက်သွားရန်၊ ဒေသ နှင့်ကိုက်ညီသော အခင်းအကျင်းများ၊ ပတ်ဝန်းကျင် မြေပြင်အခြေအနေနှင့် အညီဆောင်ရွက်သွားရန် တာဝန်ရှိ သူများအား မှာကြားသည်။
တနင်္သာရီတိုင်းဒေသကြီး ဦးစီး ဌာန ညွှန်ကြားရေးမှူးရုံး အဆောက် အအုံ တည်ဆောက်မှုတွင် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်၌ မြေပြုပြင် ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးခဲ့ရာ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်၌ တနင်္သာရီတိုင်းဒေသကြီး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အဆောက်အအုံ ပေ (၆၀ x ၈၀) သံကူကွန်ကရစ် နှစ်ထပ် တည်ဆောက်ခြင်းအပါအဝင် ခြံစည်းရိုးကာရံခြင်း၊ ဂိတ်တံခါး၊ အဝင်လမ်းခင်းခြင်း၊ ပြင်ပရေသွယ် တန်းခြင်း၊ ပြင်ပလျှပ်စစ်မီးသွယ်တန်း ခြင်း၊ ကားရပ်နားရန်နေရာနှင့် ချဉ်းကပ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
တိုင်းရင်းသားအခွင့်အရေး
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဧည့်ရိပ်သာခန်းမ၌ ထားဝယ်မြို့ရှိ ထားဝယ်၊ ကရင်နှင့် မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုအသင်းအဖွဲ့များအား တွေ့ဆုံပြီး (အပေါ်ပုံ) တိုင်းရင်းသားများက တိုင်းရင်းသားအခွင့်အရေးကိစ္စ၊ စာပေ ယဉ်ကျေးမှုကိစ္စတွင် နစ်နာဆုံးရှုံးမှု များရှိပါက တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူး ရုံးများတွင် သွားရောက်တင်ပြနိုင်ပါ ကြောင်း၊ ရှေးယခင်က ကမ္ဘာပေါ်တွင် လူမျိုး ပေါင်း ၇၀၀၀ ကျော်ရှိပြီး ယနေ့ စစ်တမ်းအရ လူမျိုးပေါင်း ၃၀၀၀ ကျော်သာ ကျန်ရှိသည်ဟု သိရပါကြောင်း၊ တိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့များ အနေဖြင့် တိုင်းရင်းသားတို့၏ လူမျိုးစကား စာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ကို ကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီး အဓိက ထိန်းသိမ်းစောင့်ရှောက်သွား ရန်လိုပါကြောင်း၊ တိုးတက်ဖွံ့ဖြိုးနေ သည့် ကမ္ဘာ့ရေစီးကြောင်း၌ တိုင်းရင်း သားများက ရင်ပေါင်တန်းနိုင်ရေး အတွက် စာပေဗဟုသုတနှင့် ဉာဏ်ပညာထက်မြက်ရန် ကြိုးစားကြ ရမည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုး များကို ဦးဆောင်သည့် ခေါင်းဆောင် များက စည်းလုံးညီညွတ်ကြရန် လိုပါ ကြောင်း၊ ထာဝရငြိမ်းချမ်းသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင် ရေး တိုင်းရင်းသားများအားလုံး ပူးပေါင်းကြရန် ပြောကြားသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသ ကြီး ကရင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဦးစောလုကာက နှုတ်ခွန်းဆက်စကား ပြောကြား သည်။
ပြန်လည်ရှင်းလင်း
ယင်းနောက် ထားဝယ်၊ ကရင်နှင့် မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုအဖွဲ့များက စာပေယဉ်ကျေးမှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြကြပြီး ဆွေးနွေးတင်ပြချက် များအပေါ် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာ တို့က ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment