Wednesday, November 27, 2019

ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး မစ္စလုသွီဇွန်း၏ နေရာတွင် မစ္စတာ လီကွတ်ဝ်သွမ်အား ခန့်အပ်ရန် သဘောတူညီ




နေပြည်တော် နိုဝင်ဘာ ၂၇

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး မစ္စ လုသွီဇွန်း၏ နေရာတွင် မစ္စတာ လီကွတ်ဝ်သွမ်အား ခန့်အပ်ရန် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။
မစ္စတာ လီကွတ်ဝ်သွမ် ကို ၁၉၆၂ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၌ မွေးဖွား ခဲ့သည်။
မစ္စတာ လီကွတ်ဝ်သွမ်သည် နိုင်ငံတကာဆက်ဆံရေး မဟာဘွဲ့ကိုရရှိခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝါရှင်တန်ဒီစီမြို့နှင့် ပရာ့ဂ်မြို့ရှိ ဗီယက်နမ်သံရုံးတို့၌ ရာထူး အဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ လက်ရှိတွင် မစ္စတာ လီကွတ်ဝ်သွမ်သည် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
မစ္စတာ လီကွတ်ဝ်သွမ် သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး ကလေးနှစ်ဦးရှိသည်။
သတင်းစဉ်

No comments:

Post a Comment