Wednesday, November 20, 2019

၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး




Image may contain: 5 people, people sitting
နေပြည်တော် နိုဝင်ဘာ ၁၉ 


ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ငြိမ်းချမ်းရေး ပူးပေါင်းရန်ပုံငွေဘုတ်အဖွဲ့ ဥက္ကဋ္ဌ၊ ဥရောပ သမဂ္ဂ သံအမတ်ကြီး Mr. Kristian Schmidt ဦးစီး ဘုတ်အဖွဲ့အား ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် Joint Peace Fund(JPF) အဖွဲ့ အနေဖြင့် မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကူညီပံ့ပိုးနေမှု၊ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လွှတ်တော် ၏ ပါဝင်မှုအခန်းကဏ္ဍ၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုစနစ်တည်ဆောက်ရေး ကြိုးပမ်းဆောင်ရွက် နေမှု၊ အမျိုးသမီးများနိုင်ငံရေးတွင် ဦးဆောင်ပါဝင်မှု မြင့်မားလာစေရေးနှင့် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပ သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံ ချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်၊ အမျိုးသား လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး ဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဦးပြုံးချိုနှင့် ပြည်သူ့လွှတ်တော် ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ သတင်းစဉ်

No comments:

Post a Comment