Thursday, October 31, 2019

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ



Image may contain: 3 people, people sitting, table and indoor
နေပြည်တော် အောက်တိုဘာ ၃၀ 


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Johan Cels အား ယနေ့ နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကမ္ဘာတစ်ဝန်း လူနေမှုဘဝလုံခြုံရေး၊ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ရေးနှင့် ဒုက္ခသည်များ၊ နိုင်ငံမဲ့များနှင့် အိုးအိမ်စွန့်ခွာနေရသူ များအတွက် ပိုမိုကောင်းမွန်သော အနာဂတ်များတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် အလေးထားလုပ်ဆောင်နေမှုများ၊ လွှတ်တော်ကိုယ်စားလှယ် များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ၏ ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံဖလှယ် ရေးနှင့် အရည်အသွေးမြှင့်တင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှော ဖလှယ်ပွဲများ ကျင်းပပြုလုပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်၏ ဥပဒေ ပြုရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment