Wednesday, October 30, 2019

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီးအား လက်ခံတွေ့ဆုံ



Image may contain: 6 people, people smiling, people sitting, table and indoor
နေပြည်တော် အောက်တိုဘာ ၂၉ 



ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီး Mr. David Stilwell အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ကိစ္စများနှင့် မြန်မာနိုင်ငံတွင် အမေရိ ကန်နိုင်ငံမှ လာရောက်ရင်းနှီး မြှုပ်နှံမှု ပိုမိုတိုးမြှင့်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာလက်ထောက်ဝန်ကြီး Mr. David Stilwell နှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာအမေရိကန် သံအမတ်ကြီး Mr. Scot Marciel တက်ရောက်ခဲ့ ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment