Wednesday, October 16, 2019

(၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာပြည်သူ့ကျန်းမာရေးညီလာခံသို့ တက်ရောက်မည့်သူများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တွေ့ဆုံမှာကြား




Image may contain: one or more people and people sitting
ရန်ကုန် အောက်တိုဘာ ၁၅




ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့ကျန်းမာရေး တက္ကသိုလ်၊ ရန်ကုန်၌ အောက်တိုဘာ ၁၇ ရက်မှ ၁၉ ရက်အထိ လာအိုနိုင်ငံတွင် ကျင်းပမည့် မဟာမဲခေါင်မြစ်ဝှမ်း ဒေသနိုင်ငံများ၏ (၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ ကျန်းမာရေးညီလာခံ (11th International Conference on Public Health Among Greater Mekong Sub-Region Countries) သို့ တက်ရောက်မည့် ပြည်သူ့ကျန်းမာ ရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်များ မှ ကာကွယ်ရေးနှင့် လူမှုရေး ဆေး ပညာဌာနများနှင့် အခြေခံကျန်းမာရေး တက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနတို့မှ ပညာရှင်များအား တွေ့ဆုံ၍ မှာကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ယခုကဲ့သို့ ဝန်ကြီးဌာနမှ ပညာရှင်များအနေဖြင့် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး ညီလာခံသို့ တက်ရောက်၍ မိမိတို့၏ သုတေသန စာတမ်းများ ဖတ်ကြားခြင်းနှင့် သုတေသနပိုစတာများ တင်ပြခြင်း၊ အခြားနိုင်ငံများမှ ပညာရှင်များမှ ဖတ်ကြားသည့် သုတေသနစာတမ်း များနှင့် သုတေသနပိုစတာများကို လေ့လာနိုင်မည် ဖြစ်သည့်အတွက် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး ကဏ္ဍအခြေအနေနှင့် ဖွံ့ဖြိုး တိုးတက်မှုများ၊ အခြားနိုင်ငံများ၏ သုတေသနဆောင်ရွက်မှု နည်းလမ်း နှင့် နည်းစနစ်များကို လေ့လာသိရှိ နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာမှ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ကွန်ရက်ချိတ်ဆက်မှုကိုလည်း ပိုမို ကောင်းမွန်စေနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် ညီလာခံပထမနေ့ ဆွေးနွေး ပွဲတွင် နိုင်ငံတကာတက္ကသိုလ်များမှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက သင်ကြားသင်ယူမှု နည်းစနစ်များ၊ တတ်မြောက်မှုစစ်ဆေးခြင်း နည်း စနစ်များနှင့် ပတ်သက်၍ ဆွေးနွေး သွားမည်ဖြစ်သဖြင့် မိမိတို့နိုင်ငံ အတွက် အကျိုးရှိစေမည်ဖြစ်ပါ ကြောင်း။
ဝန်ကြီးဌာနမှ ပညာရှင်များ အနေဖြင့် ထိုသို့ နိုင်ငံတကာအတွေ့ အကြုံများကို အခြေခံ၍ မိမိတို့နိုင်ငံ ၏ သုတေသန လုပ်ငန်းများနှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများတွင် ပြန်လည်အသုံးချ၍ ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ ယခု ညီလာခံ နှင့် သုတေသနစာတမ်းဖတ်ပွဲမှ အတွေ့အကြုံများကို မိမိတို့ တာဝန် ကျရာ တက္ကသိုလ်နှင့် ဌာနများတွင် ပြန်လည်ဝေမျှစေလိုပါကြောင်း၊
ဆေးသုတေသန ဦးစီးဌာန (ပြင်ဦးလွင်)တွင် ပုံမှန်ပြုလုပ်လျက် ရှိသည့် သုတေသနဆိုင်ရာ စွမ်း ဆောင်ရည်မြှင့် သင်တန်းများတွင် လည်း စိတ်ပါဝင်စားသည့် ဝန်ထမ်း များ တက်ရောက်နိုင်ပါကြောင်း၊ ဝန်ကြီးဌာနမှ ပညာရှင်များအနေဖြင့် အင်္ဂလိပ်ဘာသာကို ပိုမိုကျွမ်းကျင်မှု ရှိစေရေး လေ့လာကြစေလိုပါ ကြောင်း၊ ကုသမှုကုထုံးဆိုင်ရာ သုတေသနများကိုလည်း ပိုမိုသင်ကြား ခြင်းနှင့် သုတေသနပြုလုပ်ဆောင်ရွက် သွားစေလိုပါကြောင်း၊
ဝန်ကြီးဌာနရှိ ဦးစီးဌာန အသီးသီး၊ တက္ကသိုလ်အသီးသီးမှ ထုတ်ဝေလျက်ရှိသော သုတေသန ဆိုင်ရာ ဂျာနယ်များကို စာရင်းပြုစု၍ ဝန်ကြီးဌာနမှ သုတေသနပညာရှင် များအားလုံး သိရှိစေရေး ဖြန့်ဝေပေး ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် သုတေသနလုပ်ငန်းများကို ဆက်လက် ပံ့ပိုးဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ညီလာခံနှင့် သုတေသန စာတမ်းဖတ်ပွဲသို့ တက်ရောက်မည့်သူများက စာတမ်း ဖတ်ပွဲတွင် ဖတ်ကြားမည့် သုတေသန ခေါင်းစဉ်၊ ပြသမည့် ပိုစတာနှင့် အကြောင်းအရာများကို လည်းကောင်း စာတမ်းဖတ်ပွဲမှ ရရှိနိုင်မည့် အတွေ့ အကြုံများနှင့် ပြန်လည်အသုံးချနိုင်မှု တို့ကိုလည်းကောင်း တစ်ဦးချင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ မဟာမဲခေါင်မြစ်ဝှမ်း ဒေသနိုင်ငံများ၏ (၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာ ရေးညီလာခံကို Improving Health Equities Among Greater Mekong Sub-Region Countries: A Public Health Challenge ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ကာ ကမ္ဘော ဒီးယား၊ လာအို၊ တရုတ်၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ရှိ ပြည်သူ့ ကျန်းမာရေးဆိုင်ရာ တက္ကသိုလ်များ မှ ဆရာ၊ ဆရာမများ၊ သုတေသနပညာ ရှင်များ တက်ရောက်ကြမည်ဖြစ် သည်။ မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖွဲ့ကို ပြည်သူ့ကျန်းမာရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ လှလှဝင်းက ဦးဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment