Monday, October 21, 2019

နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ




Image may contain: 9 people, people smiling, people standing and indoor
နေပြည်တော် အောက်တိုဘာ ၂၀





 

မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ ဦးဆောင် သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ချစ်ကြည်ရေးခရီးစဉ်ပြီးဆုံး ၍ ယနေ့မွန်းလွဲ ၁၂ နာရီ ၂၂ မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာသွားသည်။
ပို့ဆောင်နှုတ်ဆက်
နီပေါနိုင်ငံ သမ္မတနှင့်အဖွဲ့အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါ သံအမတ်ကြီး မစ္စတာ ဘင်းကေ အူးဒက်စ်၊ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သီရီပျံချီ ဦးထွန်းနေလင်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
အမှတ်တရလက်ဆောင်ပေးအပ်
ထိုသို့ပို့ဆောင်စဉ် လေဆိပ်ဧည့်ခန်းမ၌ နီပေါနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ အား ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြန်မာနိုင်ငံခရီးစဉ် အတွင်း ရိုက်ကူးထားသော မှတ်တမ်းဗီဒီယိုနှင့် မှတ်တမ်းဓာတ်ပုံစီဒီများကို အမှတ်တရလက်ဆောင်ပေးအပ်သည်။ သတင်းစဉ်

No comments:

Post a Comment