Saturday, October 26, 2019

လွှတ်တော်အသီးသီး၏ (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးများကို နိုဝင်ဘာ ၄ ရက်တွင် စတင်ကျင်းပမည်

Image may contain: 3 people, people sitting, table and indoor
ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့်
လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော် အောက်တိုဘာ ၂၅


လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၁၉)ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးများကို နိုဝင်ဘာ ၄ ရက်တွင် စတင်ကျင်းပသွားမည် ဖြစ်ကြောင်း၊ ယင်းလွှတ်တော်အစည်းအဝေးများတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး လွှတ်တော်အသီးသီးတွင် ဆောင်ရွက် နေဆဲဖြစ်သည့် ဥပဒေကြမ်းများနှင့် အခြားသော လွှတ်တော်ဆိုင်ရာ လုပ်ငန်း များကို ဦးစားပေးအလိုက် ဆွေးနွေးအတည်ပြုနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီအသီးသီးအနေဖြင့် လုပ်ငန်းတာဝန်များကို စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် အစည်းအဝေးကာလ တစ်လျှောက်လုံးတွင် အနီးကပ်ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းတို့ကြောင့် ယခင် လွှတ်တော်အစည်းအဝေးများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊
လာမည့် (၁၄)ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင်လည်း ကြိုတင် ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်း များကို စဉ်ဆက်မပြတ် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း ပြောကြားသည်။


ကဏ္ဍအလိုက်ဆောင်ရွက်

ဆက်လက်၍ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာ အောင်က ဒုတိယအကြိမ် လွှတ်တော် အသီးသီး၏ (၁၄) ကြိမ်မြောက် ပုံမှန် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်း ကော်မတီအသီးသီးမှ တာဝန်ရှိသူ များအနေဖြင့် သက်ဆိုင်ရာကဏ္ဍ အလိုက် လုပ်ငန်းတာဝန်များကို ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ဖြည့်စွက်ဆွေးနွေး


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင် ရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီ အလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။ ယင်းနောက် ပြည်ထောင်စု လွှတ်တော်နာယက က လုပ်ငန်း ကော်မတီများ၏ ဆွေးနွေးတင်ပြချက် များအပေါ် ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက် သည်။


အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ သက်ဆိုင် ရာ လုပ်ငန်းကော်မတီအတွင်းရေးမှူးများနှင့် လွှတ်တော်ရုံးအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။


သတင်းစဉ်

No comments:

Post a Comment