Sunday, September 1, 2019

တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီဥက္ကဋ္ဌဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ သွားရောက်ကြည့်ရှုစစ်ဆေး
Image may contain: 12 people, people standing
ရန်ကုန် ဩဂုတ် ၃၁
တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲ မှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးကြည်မင်း၊ ဦးကျော်လင်း၊ ဦးလှမော်ဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ သွားရောက်ကြည့်ရှုစစ်ဆေး သည်။
ရှင်းလင်းတင်ပြ
ရှေးဦးစွာ ဒုတိယသမ္မတသည် တာဝန်ရှိ သူများနှင့်အတူ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာအတွင်းရှိ ပြည်ထောင်စုခန်းမ၊ နန်းမြင့်မျှော်စင်ရှိ တိုင်းရင်းသားရိုးရာပြခန်းနှင့် တိုင်းရင်းသားရိုးရာအိမ်များသို့ သွား ရောက်ကြည့်ရှုရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိ သူများက တိုင်းရင်းသားကျေးရွာအား ထိန်းသိမ်းစောင့် ရှောက်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် တာဝန် ရှိသူများသည် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာအတွင်း အကွက် ချတည်ဆောက်နေမှု အခြေအနေအား ဘာဂီယာဉ်များဖြင့် လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အစည်း အဝေးခန်းမ၌ ပြုလုပ်သည့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးရွာအတွင်းရှိ မြေနေရာလွတ်များ စီမံ ခန့်ခွဲနိုင် ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် တက်ရောက်အမှာစကားပြောကြား သည်။
ဒုတိယသမ္မတက အမှာစကားပြောကြား ရာတွင် ရန်ကုန်တိုင်းဒေသကြီးတွင်ရှိသည့် ပြည်ထောင်စုတိုင်းရင်း သားကျေးရွာသည် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတွင် သမိုင်းအစဉ်အဆက် မှီတင်းနေထိုင်လျက် ရှိကြသည့် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ တစ်နေရာတည်း တစ်စုတစ်စည်းတည်း ထင်ရှားပေါ် လွင်စွာ လေ့လာနိုင်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် ပိုမိုကိန်းအောင်း ခိုင်မာလာစေ၍ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေး ပိုမိုဖြစ်ထွန်းလာစေရန် ရည်ရွယ်ပြီး တည်ဆောက်ဖွင့်လှစ်ခဲ့ပါ ကြောင်း။
အနီးကပ်ကြီးကြပ် ဆောင်ရွက်
မူလက ၂၀၀၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ နယ်စပ်/စည်ပင်ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှစ၍ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုမိမိတို့ အစိုးရသစ် လက်ထက်တွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနကို တာဝန်ခံဝန်ကြီးဌာန အဖြစ် လွှဲပြောင်း၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အနီးကပ်ကြီးကြပ် ဆောင်ရွက် စေခဲ့ပါကြောင်း။
ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ ရေရှည်တည်တံ့ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြုပြင်မြှင့်တင်ရေးအတွက် Master Plan တိတိကျကျရေးဆွဲပြီး ပြန်လည် တင်ပြရန် လမ်းòန်မှာကြားခဲ့ပါကြောင်း။
မိမိအနေဖြင့်လည်း ၂၀၁၇ ခုနှစ် နိုဝင်ဘာ လက ရောက်ရှိခဲ့စဉ် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ အဆင့်မြှင့်တင်နိုင်ရန် အတွက် Master Plan ကို ကျွမ်းကျင်သူများ နှင့် ပူးပေါင်းပြီးရေးဆွဲရန် မှာကြားခဲ့ပါကြောင်း၊ ရေးဆွဲရာတွင်လည်း တိုင်းရင်းသားကျေးရွာ ထူထောင်ရခြင်း၏ မူလရည်ရွယ်ချက် မပျောက်ပျက်စေရန်၊ ကလေးများ၊ လူငယ် များ၊ အမျိုးသမီး အမျိုးသားများနှင့် သက်ကြီး သူများအတွက် အပန်းဖြေရန် သီးသန့်နေရာ များ စီစဉ်ပေးသကဲ့သို့ မသန်စွမ်းသူများ၊ အမြင်အာရုံချို့တဲ့သူများအတွက်ကိုလည်း စီစဉ်ပေးရန်နှင့် အမြန်ဆုံး ပြီးစီးနိုင်မည့် လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ပြီး ပြီးစီးမှုအခြေအနေများကို ပြည်သူများ သိရှိ စေရန် ကြေညာသွားရန်လည်း တစ်ပါတည်း မှာကြားခဲ့ပါကြောင်း။
ပြည်ထောင်စုစိတ်ဓာတ် ပိုမိုတိုးတက်ရေးကို အလေးပေး
၂၀၁၉ ခုနှစ် မတ်လအတွင်း နိုင်ငံတော် သမ္မတက တိုင်းရင်းသားကျေးရွာသို့ လာရောက်စစ်ဆေးစဉ်တွင် တိုင်းရင်းသား ကျေးရွာ အဆင့်မြှင့်တင်ခြင်းဆောင်ရွက် ရာတွင် ဝင်ငွေပိုမိုတိုးတက်ရရှိရေးထက် တည်ထောင် ရခြင်း၏ မူလရည်ရွယ်ချက်ဖြစ် သည့် ပြည်ထောင်စုစိတ်ဓာတ် ပိုမိုတိုးတက် ရေးကို အလေးပေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပါကြောင်း။
ယခုရေးဆွဲတင်ပြလာသည့် Master Plan အား လေ့လာကြည့်ရာ တိုင်းရင်းသား ကျေးရွာ မူလတည် ထောင်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ကိုက်ညီရန်အတွက် ပြန်လည်ပြင်ဆင် ညှိနှိုင်းရေးဆွဲရန် လိုအပ် သည်ကို တွေ့ရပါကြောင်း။
မိမိတို့နိုင်ငံတွင် မှီတင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးနှင့် ပတ်သက် သည့် ဝတ်စားဆင်ယင်မှု ရိုးရာဓလေ့ ယဉ်ကျေးမှုအမွေအနှစ်များကို ပြသနိုင်မည့် ပြတိုက်တစ်ခု တည်ဆောက်ပြသနိုင်ရေး ကိုလည်း ဦးစားပေးဆောင်ရွက်သင့်ပါကြောင်း၊ တစ်ဆက်တည်း တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရ နှစ်စဉ် ဆောင်ရွက်သည့် အခမ်းအနားများ၊ နေ့ထူး နေ့မြတ်ဆိုင်ရာပွဲတော်များကို တိုင်းရင်းသား ကျေးရွာအတွင်း ကျင်းပနိုင်ရန်အတွက် Convention Center ကဲ့သို့ ခန်းမမျိုး တည်ဆောက်သင့်ပါကြောင်း၊ အဆိုပါ ဃသညလနညအငသည ဃနညအနမ တွင် နိုင်ငံတကာSummit များ၊ Workshop များ၊ Summit များ လက်ခံကျင်းပနိုင်ပါက တက်ရောက်လာသည့် ပြည်တွင်း၊ ပြည်ပ ဧည့်သည်များကို မိမိတို့ တိုင်းရင်းသားကျေးရွာ အတွင်း လှည့်လည်ပြသကြည့်ရှုစေနိုင်မည် ဖြစ်ပါကြောင်း။
တိုင်းရင်းသားရိုးရာအိမ်များ တည်ဆောက် ခြင်းအား တန်ဖိုးများစွာ ကုန်ကျခြင်းမရှိဘဲ လုပ်ဆောင်နိုင်ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအနေဖြင့် သဘာ၀ ရိုးရာဓလေ့များကို စိတ်ဝင်စားလေးစားကာ တန်ဖိုးထားတတ်သည့်အတွက် ရိုးရာအိမ်များ နှင့် ပြခန်းပြကွက်များသည် ခရီးသွားလုပ်ငန်း အတွက် ဆွဲဆောင်နိုင်အောင် စီစဉ် ဆောင်ရွက်ရန်လိုပါကြောင်း။
တိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့် မြှင့်တင်ခြင်းအား မူလရည်ရွယ်ချက်မပျက် တစ်ဆင့်ချင်း တစ်ဆင့်ချင်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်သင့်သည့် အစီအစဉ်များအား ယခုအစည်း အဝေးတွင် သုံးသပ်အကြံပြု ဆွေးနွေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်လိုသည့် အစီအစဉ် များအား အကြံပြုဆွေး နွေးတင်ပြကြသည်။
ဆက်လက်၍ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး က တိုင်းရင်းသားကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပံ့ပိုးပေးစေလိုသည့် လုပ်ငန်းကိစ္စ များအား တင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက အကြံပြုဆွေးနွေး တင်ပြကြသည်။
ပြန်လည်ညှိနှိုင်းရေးဆွဲ
ဒုတိယသမ္မတက ရှင်းလင်းတင်ပြမှု များအပေါ် တိုင်းရင်းသားကျေးရွာကို တိုင်းရင်း သားစည်းလုံးညီညွတ်မှု အားကောင်းစေရေး အထောက်အပံ့ဖြစ်ရန် တည်ထောင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းရည်ရွယ်ချက်နှင့် စပ်လျဉ်းသည့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ လမ်းညွှန်ချက်များနှင့်အညီ ယခု အစည်းအဝေးတွင် ဆွေးနွေးအကြံပြုခဲ့သည့် အချက် များကို အခြေခံကာ Master Plan အား ပြန်လည်ညှိနှိုင်း ရေးဆွဲရန် လိုအပ်ပါကြောင်း၊ လိုအပ်သည့် အခြေခံအဆောက်အအုံများ ကိုလည်း သက်ဆိုင် ရာဝန်ကြီး ဌာနများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ဝိုင်းဝန်း ပူးပေါင်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဆက်လက် စီမံသွားရမည် ဖြစ်ကြောင်းပြော ကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် သည်။
ယင်းနောက် ဒုတိယသမ္မတသည် တိုင်းရင်းသား ကျေးရွာ ကပွဲခန်းမတွင် ယဉ်ကျေးမှုသရုပ်ပြဝန်ထမ်းများက ဖျော်ဖြေတင်ဆက်သည့် ရိုးရာယဉ်ကျေးမှုအကများအား ကြည့်ရှုအားပေးကာ ဖျော်ဖြေတင်ဆက်ကြသည့် ဝန်ထမ်း များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို ၂၀၀၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး တိုင်းရင်းသား များ၏ ရိုးရာယဉ်ကျေးမှု၊ အသုံးအဆောင်ပစ္စည်းများ၊ တိုင်းရင်းသားရိုးရာအိမ်များ၊ ဓလေ့၊ ထုံးတမ်းအစဉ်အလာ များကို ပကတိအနေအထားအတိုင်း တစ်စုတစ်စည်းတည်း လေ့လာနိုင်အောင် စနစ်တကျထိန်းသိမ်းပြသထားပြီး နှစ်စဉ် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ၊ ဝန်ထမ်း များ၊ ကျောင်းသား ကျောင်းသူများ အပန်းဖြေလေ့လာရေး လာရောက်ကြကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့် တာဝန်ရှိသူများ သည် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ပြောင်းရွှေ့ ဖွင့်လှစ်မည့် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းရှိ အမှတ် (၆၀၄/၆၀၈) အဆောက်အဦ ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဒုတိယသမ္မတအား ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် အဆောက်အဦ အစည်းအဝေး ခန်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့်တာဝန်ရှိသူများက အဆောက်အဦ ပြင်ဆင်မွမ်းမံဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ အဆောက် အဦပြင်ဆင်ရန် နှစ်အလိုက် ဘဏ္ဍာငွေချထားပေးမှု အခြေအနေနှင့် အဆောက်အဦဆောက်လုပ်ပြီးစီးသွားပါက လုပ်ငန်းဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်း တင်ပြရာ ဒုတိယသမ္မတက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် တာဝန်ရှိသူများသည် အဆောက်အဦအတွင်း ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများကို လှည့်လည်ကြည့်ရှုကြသည်။
သတင်းစဉ်

No comments:

Post a Comment