Thursday, September 19, 2019

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် အင်ဒိုနီးရှားသမ္မတနိုင်ငံ၏ တတိယမြောက် သမ္မတဟောင်း ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်းလက်မှတ်ရေးထိုး




Image may contain: 1 person, sitting, flower and indoor
ရန်ကုန် စက်တင်ဘာ ၁၈






 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် အင်ဒိုနီးရှားသမ္မတ နိုင်ငံ၏ တတိယမြောက် သမ္မတဟောင်း Prof. Dr. Ing Bacharuddin ကွယ်လွန်သွားသည့်အတွက် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်ထောင်စုရိပ်သာလမ်း အမှတ်(၁၀၀)ရှိ မြန်မာနိုင်ငံဆိုင်ရာ အင်ဒို နီးရှားသမ္မတနိုင်ငံသံရုံး၌ ဖွင့်လှစ်ထားရှိ သော ဝမ်းနည်းခြင်းအထိမ်းအမှတ် စာအုပ်၌ ယနေ့နံနက် ၁၀ နာရီတွင် သွားရောက်လက်မှတ်ရေးထိုးသည်။
အင်ဒိုနီးရှားသမ္မတနိုင်ငံ၏ တတိယ မြောက် သမ္မတဟောင်းသည် ၁၉၉၈ ခုနှစ် မေ ၂၀ ရက်မှ ၁၉၉၉ ခုနှစ် အောက်တိုဘာ ၂၀ ရက်အထိ အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်ပြီး ယခုကွယ်လွန်ချိန်တွင် အသက် ၈၃ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment