Thursday, September 19, 2019

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ဒိန်းမတ်သံအမတ်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ




Image may contain: 3 people, people sitting
နေပြည်တော် စက်တင်ဘာ ၁၈



 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Mr. John Nielsen နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဆောင်ရွက်သည့် စစ်တမ်းကောက်ယူမှုများတွင် နည်းပညာအကူအညီ ပေးရန်ကိစ္စ၊ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေးရေးအစီအစဉ်များ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU)rများ ဖွဲ့စည်းထားခြင်းနှင့် လုပ်ငန်းစတင်ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ သတင်းစဉ်

No comments:

Post a Comment