Tuesday, September 3, 2019

လူငယ်များအတွက် ဆိုက်ဘာအသိပညာပေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Image may contain: 6 people, people smiling

ရန်ကုန် စက်တင်ဘာ ၂
လူငယ်များအတွက် ဆိုက်ဘာအသိ ပညာပေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Workshop on the Cyber Wellness for the Youth) ကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန် မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စုဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် တက်ရောက်အမှာစကား ပြောကြားသည်။
ဦးဆောင်ကျင်းပ
အဆိုပါဆွေးနွေးပွဲကို ASEAN– Japan Media and Information Literacy for the Youth စီမံကိန်း တွင် အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံ က ပူးပေါင်းပါဝင် ဆောင်ရွက်ပြီး ASEAN Identity ကို ဖော်ဆောင် သည့်အနေဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင် သံကြားက ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က က္ဘာတစ်ဝန်းတွင် ဆိုက်ဘာရာဇဝတ်မှုများ၊ ဆိုက်ဘာ ခြိမ်းခြောက်မှုများ တိုးတက်များပြား လာသည်ကို အားလုံးအသိပင် ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအနေ ဖြင့် ဆိုက်ဘာလုံခြုံရေးနှင့် အရေးပါ မှုကို ပိုမိုသိရှိစေရန် လိုအပ်သလို လူငယ်လူရွယ်များ၏ သတင်းအချက် အလက် လုံခြုံရေးနှင့် ဆိုက်ဘာ လုံခြုံ ရေးပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ပတ်သက် ပြီး ကာကွယ်နိုင်မည့် နည်းလမ်းများ ကို ပိုမိုသိရှိနားလည်စေရန်လည်း အထူးလိုအပ်ပါကြောင်း။
ထို့ပြင် Cyber Wellness Cam- paign များအား လူငယ်များအတွက် ရည်ရွယ်၍ နိုင်ငံတကာတွင် ကျင်းပ ပြုလုပ်ပေးလေ့ရှိသလို အာဆီယံနိုင်ငံ များတွင်လည်း မီဒီယာနှင့် သတင်း အချက်အလက် သိနားလည်မှုဆိုင်ရာ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ ဟောပြောပွဲများ၊ ပညာပေးနှီးနှော ဖလှယ်ပွဲများ ပြုလုပ်ကျင်းပလျက် ရှိပါကြောင်း။
အာဆီယံစီမံကိန်းတစ်ခုဖြစ်
ယခုအလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပေါ် လာရသည့် အကြောင်းရင်းမှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံမှ ASEAN – Japan Media and Information Literacy for the Youth စီမံကိန်း ဆောင်ရွက်ရန် အာဆီယံအတွင်းရေး မှူးချုပ်ရုံးကို ၂၀၁၇ ခုနှစ်မှစ၍ အဆိုပြု တင်ပြခဲ့ပါကြောင်း၊ ထို့နောက် အာဆီယံအမြဲတမ်းကော်မတီ၏ ခွင့်ပြု ချက်ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှ ယနေ့ အချိန်ထိ ဆောင်ရွက်လျက်ရှိသည့် အာဆီယံ စီမံကိန်းတစ်ခုဖြစ်ပါ ကြောင်း။
ယနေ့တွင် ဆက်သွယ်ရေးကဏ္ဍများ များစွာဖွံ့ဖြိုးတိုးတက်လာပြီ ဖြစ်သကဲ့သို့ တစ်ကမ္ဘာလုံး ဖြန့်ကြက် ဆက်သွယ်နိုင်ပြီး IT ကဏ္ဍ အပါအဝင် ဖြစ်သည့် ဒစ်ဂျစ်တယ်၊ အင်တာနက် ဝန်ဆောင်မှုများနှင့် Cyberspace နည်းပညာအား များစွာအသုံးပြုနေ ကြပြီဖြစ်ပါကြောင်း၊ နည်းပညာများ၊ ပစ္စည်းကိရိယာများကို အသုံးပြု၍ Cyberspace ပေါ်မှ မိမိအယူအဆ များကို အမျိုးမျိုးအဖုံဖုံ ဖြန့်ချိ၍ရသည့် အပြင် ကွန်ပျူတာ၊ ဒစ်ဂျစ်တယ်၊ IT တို့ကို အသုံးပြု၍ ဃပဘနမျစခေန မှ တစ်ဆင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စမျိုးစုံကို လှုပ်ရှားဆောင်ရွက်နေ ကြပြီ ဖြစ်ပါကြောင်း၊ ယင်းလှုပ်ရှား ဆောင်ရွက်မှုများတွင် လူငယ်များ အနေဖြင့် IT နည်းပညာအပေါ် ပိုမို စိတ်ပါဝင်စားမှုရှိလာခြင်းနှင့် ကမ္ဘာ တွင် ဖြစ်ပျက်နေသမျှကို အချိန်နှင့် တစ်ပြေးညီ သိရှိလေ့လာနေကြပြီ ဖြစ်ပါကြောင်း။
ဆွေးနွေးဟောပြော
ယခုအလုပ်ရုံဆွေးနွေးပွဲကိုလည်း မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြု မှုနှင့် ဒစ်ဂျစ်တယ်ယဉ်ကျေးမှုကဏ္ဍ၊ ဒစ်ဂျစ်တယ်ခေတ်အတွင်း လူငယ် များအကြား မီဒီယာနှင့် သတင်းအချက် အလက် သိနားလည်မှု၊ ဆိုက်ဘာမှုခင်း၊ ဆိုက်ဘာအနိုင်ကျင့် ခြိမ်းခြောက် ခြင်း၊ အင်တာနက်စွဲလမ်းမှုရောဂါ၊ အွန်လိုင်း Privacy ချိုးဖောက်မှုများ အား ကာကွယ်တားဆီးခြင်း၊ မြန်မာ နိုင်ငံတွင် ရေပန်းစားနေသည့် လူမှု ကွန်ရက်များ၏ အသုံးဝင်ပုံနှင့်အန္တရာယ် ကြီးမားပုံအကြောင်း၊ အင်တာနက် လုံခြုံမှုနှင့် သတင်းအချက်အလက် ဝေဖန်ဆန်းစစ်နိုင်မှုအကြောင်းများ ကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာ ရှင်များက ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ နားလည်သဘော ပေါက်စေရန် ဆွေးနွေးဟောပြော သွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ဖိလစ်ပိုင်နိုင်ငံမှ ဖန်တီး ထားသည့် ဆိုက်ဘာအသိပညာ ဆိုင်ရာ Multimedia Materials
များအား ပရိုဂျက်တာဖြင့် ပြသခဲ့ သည်။
ဒစ်ဂျစ်တယ်ယဉ်ကျေးမှု
အလုပ်ရုံဆွေးနွေးပွဲတွင် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက် နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက မြန်မာ နိုင်ငံ၏ အင်တာနက် အသုံးပြုမှုနှင့် ဒစ်ဂျစ်တယ်ယဉ်ကျေးမှု ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ကုလသမဂ္ဂပညာ ရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (ယူနက်စကို)မှ စီမံကိန်းအရာရှိ ဒေါ်နိုင်နိုင်အေးက ဒစ်ဂျစ်တယ်ခေတ် အတွင်း လူငယ်များအကြား မီဒီယာ နှင့် သတင်းအချက်အလက် သိမြင် နားလည်မှုခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့မှ ရဲမှူး ငြိမ်းချမ်းအောင်က ဆိုက်ဘာမှုခင်း၊ ဆိုက်ဘာ အနိုင်ကျင့်ခြိမ်းခြောက် ခြင်း၊ အင်တာနက်စွဲလမ်းမှုရောဂါ၊ အင်တာနက်ဂိမ်းများ၊ Online Privacy ချိုးဖောက်မှုများအား ကာကွယ်တားဆီးခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်စိုးမိုးက ဒစ်ဂျစ်တယ်လူ့အဖွဲ့ အစည်း၏ လူမှုစိတ်ဓာတ်ဆိုင်ရာ သက်ရောက်ရိုက်ခတ်မှုများ ခေါင်းစဉ် ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ နည်းပညာနှင့် ဖွံ့ဖြိုးမှုအဖွဲ့(MIDO) ဒစ်ဂျစ်တယ် လုံခြုံရေးဌာနမှ ပရိုဂရမ် အလုပ်အမှုဆောင် ကိုဟိန်းမင်းဦး က လူငယ်များအတွက် ဒစ်ဂျစ်တယ် လုံခြုံမှု ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြသည်။
ရှင်းလင်းဖြေကြား
ထို့နောက် တက်ရောက်လာကြ သည့် ကျောင်းသား ကျောင်းသူများ နှင့် စိတ်ပါဝင်စားသူများက သတင်း အမှား/အမှန် ဆန်းစစ်မှု၊ ယူနီကုတ် သုံးစွဲခြင်း၏ အကျိုး၊ လူမှုကွန်ရက် သုံးစွဲရာတွင် သတ်မှတ်ထားသည့် နည်းလမ်းများကို စနစ်တကျအသုံး ပြုမှု၊ ဆိုက်ဘာအနိုင်ကျင့်ခံရမှုကို တုံ့ပြန်ကာကွယ်ရန် နည်းလမ်းများ၊ လူမှုကွန်ရက်သုံးချိန်ကို အကန့်အသတ် နှင့် သုံးစွဲမှုများ၊ ကျင့်ဝတ်အမှားများကို မျှဝေသုံးစွဲမှုမပြုရေး စသည်ဖြင့် သိရှိ လိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
လူငယ်များအတွက် ရည်ရွယ်
ဆိုက်ဘာအသိပညာပေး ကမ်ပိန်း များအား လူငယ်များအတွက် ရည်ရွယ်၍ နိုင်ငံတကာတွင် ကျင်းပ လျက်ရှိသကဲ့သို့ အာဆီယံနိုင်ငံများ တွင်လည်း မီဒီယာနှင့် သတင်းအချက် အလက် သိနားလည်မှုဆိုင်ရာဆွေးနွေး ပွဲများ၊ သင်တန်းများ၊ ဟောပြောပွဲ များ၊ ပညာပေးနှီးနှောဖလှယ်ပွဲများကို အာဆီယံယဉ်ကျေးမှု ရန်ပုံငွေ ASEAN Cultural Fund (ACF)ဖြင့် ပြုလုပ်ကျင်းပလျက်ရှိ သည်။
ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီး ဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆိုက်ဘာနှင့်ဆက်စပ်သော ဝန်ကြီး ဌာနများမှ တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်း များမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment