Tuesday, September 24, 2019

(၂၄)ကြိမ်မြောက် မြန်မာ-အိန္ဒိယနယ်စပ် နယ်ဘက်အာဏာပိုင်များ၏ ဒေသအဆင့်အစည်းအဝေးကျင်းပ




Image may contain: 5 people, indoor
နေပြည်တော် စက်တင်ဘာ ၂၃




(၂၄) ကြိမ်မြောက် မြန်မာ-အိန္ဒိယ နယ်စပ် နယ်ဘက်အာဏာပိုင်များ၏ ဒေသအဆင့် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Aureum Palace Hotel ၌ ကျင်းပ သည်။
အစည်းအဝေးတွင် နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့မှ လုံခြုံရေးဆိုင်ရာ ကိစ္စ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကိစ္စ၊ နယ်နိမိတ်စီမံခန့်ခွဲရေးကိစ္စ၊ နှစ်နိုင်ငံ၏ အကျဉ်းသားများဆိုင်ရာကိစ္စ၊ သဘာ၀တောရိုင်း တိရ္ဆာန်များ မှောင်ခို ကူးသန်းရောင်းဝယ်မှုနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဆိုင်ရာ နားလည်မှု စာချွန်လွှာဆိုင်ရာကိစ္စနှင့် စွမ်းရည် မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဒေသအဆင့် အစည်း အဝေး မှတ်တမ်းအား နှစ်နိုင်ငံ ကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင်များက စက်တင် ဘာ ၂၄ ရက်တွင် လက်မှတ်ရေးထိုးမည် ဖြစ်သည်။
အဆိုပါအစည်းအဝေးသည် ၁၉၉၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် လက်မှတ်ရေးထိုးခဲ့ သော မြန်မာ-အိန္ဒိယနယ်စပ်နယ်ဘက် အာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ မြန်မာ-အိန္ဒိယ နယ်စပ်နယ်ဘက် အာဏာ ပိုင်များ၏ ဒေသအဆင့် အစည်းအဝေး များကို မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့တွင် တစ်လှည့်စီကျင်းပခဲ့ရာ ယခု (၂၄)ကြိမ်မြောက် ဒေသအဆင့်အစည်း အဝေးကို နေပြည်တော်၌ ကျင်းပခြင်း ဖြစ်သည်။
အစည်းအဝေးသို့ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေး မှူးချုပ် ဦးခိုင်ထွန်းဦး၊ အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပူးတွဲအတွင်းဝန် Mr. Shri Satyendra Garg နှင့် တာဝန်ရှိသူများက ဆွေးနွေးကြသည်။
သတင်းစဉ်

No comments:

Post a Comment