နေပြည်တော် စက်တင်ဘာ ၂၅
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံ၊
ပြည်သူ့တပ်မတော်စစ်ဦးစီးအရာရှိချုပ် Senior Lieu-tenant General Phan Van
Giang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်
ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံ မှု၊ ခရီးသွားလာရေးနှင့် နှစ်နိုင်ငံ တပ်မတော်များအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံ အဆင့်မြင့် ခေါင်းဆောင်များအကြား အပြန်အလှန် လည်ပတ်သွားရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Mrs. Luan Thuy Duong လည်း တက်ရောက်သည်။
သတင်းစဉ်

No comments:
Post a Comment