Friday, September 27, 2019

ဒုတိယသမ္မတ ဦးမြင့်ဆွေ တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

Image may contain: 1 person, standing and indoor


နေပြည်တော် စက်တင်ဘာ ၂၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း နှစ် (၇၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့ ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟို ဌာန - ၂ ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် မိန့်ခွန်းပြောကြားသည်။


တက်ရောက်

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဇနီး ဒေါ်အေးသီတာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော် သမ္မတဟောင်း ဦးထင်ကျော်၏ဇနီး ဒေါ်စုစုလွင်၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ဒုတိယဝန်ကြီးများ နှင့် ဇနီးများ၊ ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံး များမှ သံတမန်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေးတို့ သည် တရုတ်ပြည်သှူသမ္မတနိုင်ငံထူထောင်ခြင်း နှစ်(၇၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကျင်းပသည့် မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ သို့ ရောက်ရှိရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သှူသမ္မတနိုင်ငံ သံအမတ် ကြီး မစ္စတာ ချန်းဟိုင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။


လှည့်လည်ကြည့်ရှု

ထို့နောက် ဒုတိယသမ္မတနှင့် ဇနီးတို့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့်အတူ Belt and Road အစီအစဉ်နှင့် တရုတ် - မြန်မာ စီးပွားရေးစင်္ကြံဆိုင်ရာ ဓာတ်ပုံပြပွဲကို လှည့်လည်ကြည့်ရှုသည်။
ရှေးဦးစွာ အခမ်းအနားကို တရုတ်ပြည်သှူသမ္မတနိုင်ငံ ထူထောင်ခြင်း နှစ်(၇၀)ပြည့် အထိမ်းအမှတ်ဂုဏ်ပြုတေးသီချင်း ဖြင့် သီဆိုဖွင့်လှစ်သည်။


ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း နှစ် (၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာ ကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သီချင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်သီချင်းများ ဖွင့်လှစ်၍ အလေးပြုကြသည်။


နှုတ်ခွန်းဆက်စကားပြောကြား

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကား ပြောကြားရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း နှစ် (၇၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို မြန်မာအစိုးရ ကိုယ်စား အဓိကဧည့်သည်တော်အဖြစ် တက်ရောက်ခွင့်ရသည့် အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့် နှစ်(၇၀)ပြည့် နှစ်ပတ်လည် အခါသမယတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၊ ပြည်သူများနှင့် သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့ကို ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်အနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီးအဖြစ် မကြာသေးမီက ခန့်အပ်တာဝန် ပေးအပ်ခြင်းခံရသည့်အတွက် များစွာဝမ်းမြောက်ဝမ်းသာဖြစ်ရ ပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရနှင့်နီးကပ်စွာ လက်တွဲဆောင်ရွက်သွားမည်ဟုလည်း ယုံကြည်ထားပါကြောင်း။


သိသာထင်ရှားစွာတိုးတက်လာ

လွန်ခဲ့သည့် ဆယ်စုနှစ် ၇ ခုအတွင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံ စတင်ထူထောင်ချိန်၊ အထူးသဖြင့် လွန်ခဲ့သည့် အနှစ် ၄၀ ခန့်က ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒကို တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ စတင်ကျင့်သုံးချိန်မှစ၍ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသည် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု လျင်မြန်စွာ တိုးတက်လာခဲ့မှုအပေါ် အထူးဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ထို့ပြင် တရုတ်ပြည်သူများ၏ နှစ် ၇၀ အတွင်း ကြိုးပမ်းအားထုတ် မှုများကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် လူဦးရေ သန်းပေါင်း(၇၀၀)ကျော်ကို ဆင်းရဲနွမ်းပါးမှုမှ ကယ်တင်နိုင်ခဲ့ပြီး ယခုအချိန်တွင် ကမ္ဘာ၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလျင်မြန် ဆုံးနှင့် ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံအဖြစ် က္ဘာ့ စီးပွားရေးတွင် အရေးပါသည့်နိုင်ငံတစ်နိုင်ငံအဖြစ် အောင်မြင်စွာ ရပ်တည်လာနိုင်ခဲ့သည်ကိုလည်း ဝမ်းမြောက်ဖွယ် တွေ့ရှိရပါ ကြောင်း၊ အဆိုပါနှစ်များအတွင်း တရုတ်ပြည်သှူသမ္မတနိုင်ငံ၏ စီးပွားရေးသည် သိသာထင်ရှားစွာ တိုးတက်လာခြင်းဖြစ် ပါကြောင်း။


၁၉၅၂ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ GDP သည် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံခန့်သာ ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆၁ ထရီလီယံအထိ တစ်ရှိန်ထိုး တိုးမြင့်လာခဲ့ပါကြောင်း၊ ၁၉၇၈ ခုနှစ်တွင် တရုတ် နိုင်ငံ၏ GDP သည် ကမ္ဘာ့အဆင့် ၁၁ နေရာသို့ ရောက်ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှ ယခုအချိန်ထိ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါကြောင်း။


အောင်မြင်မှုများစွာ ဆက်လက်ရရှိနိုင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် နိုင်ငံတော်ပြန်လည် အားပြည့်ဆန်းသစ်လာခြင်း(National Rejuvenation) ဟူသည့် တရုတ်နိုင်ငံသားများ၏ စိတ်ကူးမျှော်မှန်းချက် (Chinese Dream) ကို ပြည့်၀စေမည့် မဟာဗျူဟာမြောက် ဆောင်ရွက်ချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပြီး အောင်မြင်မှုများစွာ ဆက်လက်ရရှိနိုင်မည်ဟု ယုံကြည်ပါ ကြောင်း။


နီးကပ်စွာပူးပေါင်းဆောင်ရွက်

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား ၁၉၅၀ ပြည့်နှစ်တွင် သံတမန်ဆက်ဆံရေး စတင်ထူထောင်ချိန်မှစ၍ နှစ်နိုင်ငံအကြားတည်ထောင်ခဲ့သည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးသည် သက်တမ်းရှည်ကြာစွာ ဖြစ်ထွန်းခဲ့ပြီဖြစ်ပါကြောင်း၊ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် မိမိတို့ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှု နှစ်(၇၀)ပြည့် အခမ်းအနား များကို နှစ်နိုင်ငံစလုံးတွင် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံအကြား လွန်ခဲ့သည့် နှစ် ၇၀ ကာလအတွင်းမှစ၍ အပြန်အလှန်ဖလှယ်မှုများဖြင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု များမှတစ်ဆင့် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် အခြားနယ်ပယ်ကဏ္ဍစုံတို့တွင် သိသာထင်ရှားစွာ အောင်မြင် တိုးတက်မှုများ ရရှိလာသည်ကိုလည်း ဂုဏ်ယူဝမ်းမြောက်ဖွယ် တွေ့မြင်ရပါကြောင်း။


ယနေ့အချိန်ကာလတွင် မိမိတို့နှစ်နိုင်ငံအကြား ဆက်ဆံရေး ကို ]]ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး}}အဆင့် အထိ တိုးမြှင့်နိုင်ခဲ့ပြီး ]]ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ရပ်၏ မူဘောင်များနှင့်အညီ}} အပြန်အလှန်လေးစားမှု နှင့် နားလည်မှုတို့ကိုအခြေခံ၍ ကဏ္ဍအများအပြားတွင် နီးကပ် သည့် ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံမှုများကို ပိုမို ကျယ်ပြန့်နက်ရှိုင်းအောင် ဆောင်ရွက်လျက်ရှိပါကြောင်း။


စဉ်ဆက်မပြတ်မြှင့်တင်နိုင်ခဲ့

တရုတ်ပြည်သှူသမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အကြီးမားဆုံး ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်သလို ရင်းနှီးမြှုပ်နှံမှု တွင်လည်း ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံသည့်နိုင်ငံလည်း ဖြစ်ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံအကြား နီးကပ်သည့် ပူးပေါင်း ဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်း ထားသဖြင့် တရုတ်ပြည်သှူသမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နှင့် ရင်းနှီးမြှုပ်နှံသူအဖြစ် ကာလ ရှည်ကြာစွာ ရပ်တည်နေခြင်းသည် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး၏ အရေးပါသည့်အချက်များဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်များအကြား အပြန်အလှန်ခရီးစဉ်များ မကြာခဏသွားရောက်ခြင်းကြောင့်လည်း နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှုကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ခဲ့ပါ ကြောင်း။
ပြီးခဲ့သည့် ရက်သတ္တပတ်က တရုတ်ပြည်သှူသမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ကျင်းပသည့် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နှင့် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ မိမိပါဝင်တက်ရောက်ခဲ့ပါ ကြောင်း၊ ထိပ်သီးအစည်းအဝေး တက်ရောက်စဉ်အတွင်း မိမိအနေဖြင့် တရုတ်ပြည်သှူသမ္မတနိုင်ငံ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ဒေသတွင်းပေါင်းစည်း ဆက်နွှယ်မှုလုပ်ငန်းစဉ်များ မြှင့်တင်ရေးတို့နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ခွင့် ရခဲ့ပါကြောင်း။


ဆက်လက်ရှင်သန်တိုးတက်နေမည်

လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက ကမ္ဘာ့အရှေ့နှင့် အနောက်အကြား ချိတ်ဆက်မှုနှင့် ကုန်သွယ်ရေးတံခါးပေါက် များကို ဖွင့်လှစ်ပေးနိုင်ခဲ့သည့် ရှေးဟောင်းပိုးလမ်းမစီမံကိန်း ကို ပြန်လည်ဆန်းသစ်သည့်အမြင်ကို မိတ်ဆက်ပေးနိုင်ခဲ့သည့် တရုတ်ပြည်သှူသမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်ကိုလည်း ဂုဏ်ပြုချီးမွမ်းအပ်ပါကြောင်း၊ လက်ရှိ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အနာဂတ်တွင်လည်း ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်း တို့အောက်တွင် ဆက်လက်ရှင်သန်တိုးတက်နေမည်ဟု အပြည့် အဝ ယုံကြည်ထားပါကြောင်း။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၉ ခုနှစ် ဧပြီလအတွင်း ဘေကျင်းမြို့တွင် ကျင်းပခဲ့ သည့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ခဲ့ပါကြောင်း၊ အဆိုပါဖိုရမ်သည် မိမိတို့ နှစ်နိုင်ငံအကြား ရှိရင်းစွဲမိတ်ဖက် ဆက်ဆံရေးကို နောက်တစ်ဆင့် ခိုင်မာအောင် ဆောင်ရွက်ရေးနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၏ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေ သည့် မိတ်ဖက်ဆက်ဆံရေးအောက်တွင် ပိုမိုအဆင့်မြင့်သည့် ပူးပေါင်းဆောင်ရွက်မှုများရရှိနိုင်ရေး အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါ ခရီးစဉ်တွင် ]]စီးပွားရေး နှင့် နည်းပညာပူးပေါင်းဆောင်ရွက်‌ရေးသဘောတူစာချုပ်}}၊ ]]တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (၂၀၁၉-၂၀၃၀) ဆိုင်ရာ နားလည်မှုစာချွန်လွှာ}}၊ ]]ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်ထုတ်လုပ်မှုပိုင်း တိုးမြှင့်ရေးအတွက် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် (၅)နှစ် ဖွံ့ဖြိုးမှု အစီအစဉ်ရေးဆွဲရေးဆိုင်ရာ သဘောတူစာချုပ်}}၊ စုစုပေါင်း သဘောတူညီချက် (၃)ခုတို့ကို နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုး နိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိတို့နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုအရှိန်အဟုန်မြှင့်တင်နိုင်ခဲ့ပါကြောင်း။


အပြန်အလှန်အကျိုးဖြစ်ထွန်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းသည် မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှုများနှင့် အပြန် အလှန် အကျိုးဖြစ်ထွန်းမှုများကို ဆောင်ကြဉ်းပေးနိုင်မည်ဟု မျှော်လင့်ယုံကြည်ထားပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာနိုင်ငံအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေး အစရှိသည့် ကဏ္ဍများတွင် အကူအညီများကို အစဉ်တစိုက်ပေးအပ်လျက်ရှိသည့်အတွက် များစွာကျေးဇူးတင်ရှိ ပါကြောင်း၊ အထူးသဖြင့် မိမိတို့အစိုးရ ကြိုးပမ်းအားထုတ်ဖြေရှင်း နေသည့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အပြုသဘောဆောင်သည့် အကူအညီများပေးအပ်လျက်ရှိပြီး တရုတ်ပြည်သှူသမ္မတနိုင်ငံ၏ တစိုက်မတ်မတ် အပြုသဘောဆောင်သည့် အားပေးထောက်ခံ မှုများအပေါ် အလေးအနက်တန်ဖိုးထားပါကြောင်း၊ အနာဂတ် တွင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နားလည်မှုနှင့် အပြု သဘောအကူအညီပေးမှုများကို ဆက်လက်ရရှိသွားမည်ဟု ယုံကြည်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း နှစ် (၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံဆက်ဆံရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် အတူတကွကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။


စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင် သက်ဌေး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့က နှစ်(၇၀)ပြည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း ဂုဏ်ပြုကိတ်မုန့်ကို အတူတကွ လှီးဖြတ်ပေးကြပြီး အခမ်းအနား သို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီးနှင့် တက်ရောက်လာကြသူများအား ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း နှစ် (၇၀)ပြည့် အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။


သတင်းစဉ်

No comments:

Post a Comment