Tuesday, September 24, 2019

နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ရှင်းလင်း




Image may contain: one or more people and indoor
နေပြည်တော် စက်တင်ဘာ ၂၃



 

နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီက ကြီးမှူး၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်ထောင်စု နယ်မြေ နေပြည်တော်ဦးစီးမှူးရုံး၏ ''မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား''ကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ Mount Pleasant Hotel ၌ ကျင်းပ သည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင်၊ နေပြည်တော် ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် ဦးအောင်မြင်ထွန်းက အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် ရင်းနှီးမြှုပ်နှံမှု၊ ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ အခွန်ဆိုင်ရာဥပဒေ၊ အလုပ်သမားရေးရာဆိုင်ရာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများ၏ သိရှိလိုသည့်အချက်များအပေါ် ပြန်လည်ဖြေကြား ခြင်းများ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှု နှင့် ဆက်စပ်ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ စီးပွားရေးအသင်း အဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment