Wednesday, August 28, 2019

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ




Image may contain: 2 people, people sitting, table and indoor
နေပြည်တော် ဩဂုတ် ၂၇ 



 

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်း ထွန်းဟိန်သည် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် ယာစူဟီဆာအိုဂျီးမားနှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် IMF အနေဖြင့် မြန်မာလွှတ်တော်များသို့ ကူညီပေးလျက်ရှိသည့် ကိစ္စရပ်များ၊ ပြည်သူ့ဘဏ္ဍာငွေစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာငွေအရအသုံး၊ အခွန်အကောက် ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အကြံပြုဆွေးနွေးချက်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးအောင်မင်း၊ ဦးစောသန်းထွဋ်၊ အတွင်းရေးမှူးများ ဖြစ်ကြသည့် ဦးခင်မောင်သန်း၊ ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ သတင်းစဉ်

No comments:

Post a Comment